ထောင်ချောက်

မင်းမြတ်သူရ

800 Kyats ကျပ်
ညီအစ်မချင်းပေမယ့် အသွင်မတူတဲ့နှစ်ယောက်။ တစ်ယောက်က ဘဝကို မြင့်မြင့်မားမား တိုးတက်မှုတွေ ရည်မှန်းရင်း မိဘရဲ့ကောင်းခြင်းအမွေကို ထိန်းသိမ်းစောင့်ရှောက်လိုသူ။ တစ်ယောက်က အပျော်အပါး လောင်းကစားနဲ့ ရှုပ်ပွေထွေလီတဲ့ အာသာရမ္မက်နောက်ကိုသာ ကောက်ကောက်ပါအောင်လိုက်လိုသူ။ ဒီလို ညီအမနှစ်ယောက်ရဲ့ အသွင်မတူမှုမှာ အမဖြစ်သူ က အမကြီးပီပီ ညီမငယ်ရှေ့က မားမားမတ်မတ်ရပ်၊ ဘဝကို ထိန်းကျောင်းပေးလိုပေမယ့် ညီမဖြစ်သူကတော့ စေတနာကို လျစ်လျူရှုပြီး မသင့်လျောတဲ့လမ်းကို လျှောက်ခဲ့ပါတယ်။ ဒီကွဲပြားမှုကပဲ ‘ထောင်ချောက်’ ဆိုတဲ့ ဇာတ်လမ်းကို အစပျိုးလိုက်ပြီး အမဖြစ်သူဟာ မမျှော်လင့်တဲ့ အဖြစ်ဆိုးတစ်ခုကြောင့် အသက်အန္တာရယ်အထိပါ ဖြစ်စေတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရပါတယ်။ ဒါပေမယ့် ကံတရားဟာ ဖြူစင်ရိုးသား သူတွေဘက်မှာ ဖေးကူတတ်တာဟာ လောကနိယာမတစ်ခုမို့ သေကံမရောက် သက်မပျောက်တဲ့အခါမှတော့ ... ။ အဲ့ဒီ ထောင်ချောက်ရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ဆရာမင်းမြတ်သူရက သူရဲ့ကလောင်ခွဲဖြစ်တဲ့ အောင်ချမ်းသာကလောင်မှာ စာဖတ်သူတို့အတွက် ဘယ်လိုဆန်းဆန်းပြားပြား စိတ်ဝင်တစားဖြစ်အောင် ဆွဲဆောင်ရေးဖွဲ့ထားမလဲဆိုတာ ဖတ်ကြည့်လိုက်ကြ ရအောင်ပါ။