အကျဉ်းစံ

မောင်ထွန်းသူ

1000 Kyats ကျပ်
စာရေးဆရာကြီး A.J. Cronin နဲ့ ဆရာ မောင်ထွန်းသူ တို့ကိုတော့ တွဲသိကြမယ်ထင်ပါတယ်။ ရဲတိုက်တို့ နှစ်လောကတို့ကို အပြောင်မြောက်ဆုံးရေးသားတဲ့သူနဲ့ အပြောင်မြောက်ဆုံးဘာသာပြန်သူပေါ့။ ဒီဝတ္ထုမှာလည်း လူ့သဘောလူ့မနောအကြောင်း နောကြောနေတဲ့ စာရေးဆရာကြီးက ဘယ်လိုရေးဖွဲ့ထားမလဲ ပြောပြမယ်နော်။ အတ္တကြီးလွန်းတဲ့ ကောင်စစ်ဝန် မစ္စတာ ဘရန်းဒီးနဲ့ သူ့သားလေး နီကိုးလတ်စ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့လာကြတယ်။ ကျန်းမာရေးသိပ်မကောင်းတဲ့ သူ့သားလေးကို ချစ်လွန်းတဲ့အတ္တကြောင့် အရာရာကို ချုပ်ခြယ်ထားတယ်။ အိမ်ထဲကအိမ်ပြင်တောင် သူမပါဘဲ မထွက်ရတာမျိုး။ (ဆိုးပါတယ်နော်) ဒါပေမဲ့ ဥယျာဉ်မှူးအသစ်ဖြစ်တဲ့ ဂျိုစီဆန်တီယို ဆိုတဲ့ ကောင်လေးရောက်လာပြီးတဲ့အခါမှာတော့ အရာရာဟာပြောင်းလဲသွားတယ်။ ဂျိုစီနဲ့ နီကိုးလတ်စ်တို့ သူငယ်ချင်းတွေဖြစ်သွားတယ်။ ကျန်းမာရေးသိပ်မကောင်းတဲ့ နီကိုးလတ်တောင် ပျိုးပင်လေးတွေစိုက်၊ ရေတွေလောင်းနဲ့ ဂျိုစီနဲ့အတူ အလုပ်တွေကူလုပ်ရင်း ကျန်းမာရေးပိုကောင်းလာခဲ့တယ်။ ဟုတ်တယ်ဗျ။ တကယ်တမ်း ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ ကျန်းမာရေးအတွက် သိပ်လိုအပ်တယ်။ အဲဒါနဲ့ အတ္တကြီးလွန်းတဲ့ သူ့အဖေက သူ့သားဟာသူ့ထက် တခြားသူကို ပိုချစ်သွားမှာစိုးရိမ်နေတယ်။ အချစ်ကြီးလွန်းတဲ့ အဖေတစ်ယောက်ရဲ့ အတ္တပေါ့ဗျာ။ ဥယျာဉ်မှူးနဲ့ အပေါင်းအသင်းမလုပ်ခိုင်းဘူး။ ဒီတော့ ဘာဖြစ်မလဲ။ လူငယ်တွေပဲဗျာ မလုပ်ခိုင်းရင် ခိုးလုပ်တော့မှာပေါ့။ နောက်ပိုင်းဘာဆက်ဖြစ်မလဲ။ မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေ အလှည့်အပြောင်းတွေအများကြီးပါတဲ့ ဒီဝတ္ထုမှာတော့ သားအဖ နှစ်ယောက်ကြားက မေတ္တာတွေ၊ ချစ်ခင်ခြင်း နဲ့ မုန်းတီးကြားတွေ၊ လွတ်လပ်ခြင်းနဲ့ အနှောင်အဖွဲ့တွေ စတာတွေရဲ့ အားပြိင်မှုတွေကို တဝကြီး ဖတ်ရှုရမှာဖြစ်ပါတယ်။ သြော် ပြီးတော့ စပိန်ဘာသာစကားဖြစ်တဲ့ ဆီညော် ဆီညော် ဆိုတဲ့ ချစ်စဖွယ်စကားလုံးလေးတွေလည်း ပါဦးမှာနော်။ (ဆီညော်ဆိုတာ မြန်မာလို ဆိုရင်တော့ ဆရာပေါ့။ ဟုတ်ကဲ့ဆရာ လိုမျိုးပေါ့)