သံမဏိကြက်ခြေ

မောင်ထွန်းသူ

1500 Kyats ကျပ်
ဂျာမန်စာရေးဆရာ Wili Heinrich ရဲ့ ကမ္ဘာသိ ကျော်ကြားတဲ့ စစ်မြေပြင်နောက်ခံ ဝတ္ထုပဲ ဖြစ်ပါတယ်။ ဖတ်နေရင်းမှာပဲ နားထဲ သေနတ်သံတွေ၊ ဗုံးကွဲသံတွေနဲ့ ယမ်းနံ့တွေကို မြင်ယောင် ရှူရှိုက်လာမိစေတဲ့ သရုပ်ဖော်ချက် အပီပြင်ဆုံး ဝတ္ထုလို့ ခံစားရတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ရှေ့တန်းစစ်မြေပြင်ရောက် ဂျာမန်တပ်ဟာ တဖက်က ရန်သူ ရုရှားတပ်နဲ့ ထိပ်တိုက်တွေ့ပြီး ချောင်ပိတ်မိနေတဲ့ အခြေအနေနဲ့ ဝတ္ထုကို ဖွင့်ထားတယ်။ အဲ့ဒါဟာ၊ ဝတ္ထုထဲက အဓိက ဝတ္ထုဇာတ်ဆောင် ‘စတိုင်းနား’ ရဲ့ တပ်စုပေါ့။ ဇာတ်ကောင်တွေ အများအပြား ပါဝင်တယ်။ ပြီးတော့ တယောက်ပြီး တယောက် သေကြတယ်။ ဒါပေမဲ့၊ သူတို့အားလုံးရော၊ ဆက်တိုက် ဖြစ်ပျက်နေတဲ့ ဇာတ်လမ်း တခုလုံးကပါ စာဖတ်သူရဲ့ စိတ်ထဲမှာ မသေဆုံးသွားဘူး။ ဝတ္ထုဖတ်ပြီး ချိန်အထိ ရှင်သန်နေတာ ဒီဝတ္ထုရဲ့ အထူးခြားဆုံး အချက်ပဲ။