ဇာစ်မြစ်

မောင်ထွန်းသူ

1000 Kyats ကျပ်
ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်တွေဆိုရင်တော့ အထူးပြောစရာမလိုလောက်အောင် ကောင်းမွန်ပြီးသားဆိုတာ စာဖတ်သူတွေ အသိဖြစ်ပါတယ်။ စာဖတ်သူတွေအတွက် တစ်စုံတစ်ရာသော မက်ခ်ျဆေ့တစ်ရပ်ကို ပေးနိုင်တဲ့ နိုင်ငံတကာ ဝတ္တုကြီးတွေကိုပဲ ရွေးချယ် ဘာသာပြန်လေ့ရှိသလို၊ ပြန်ဆိုထုံမွမ်းတတ်တဲ့ မြန်မာစကားပြေအရေးအသားကလည်း ရိုးရိုးရှင်းရှင်းနဲ့ ဝတ္တုရဲ့ မူရင်းရသာကို ပေးစွမ်းတတ်တာက ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်လက်ရာတွေမှာ ထူးခြားမှုတစ်ခုပါ။ အခု ဇာစ်မြစ်အမည်ရတဲ့ အမေရိကန်လူမည်းစာရေးဆရာ အလက်စ်ဟေလီရဲ့ ‘The Roots’ ဝတ္ထုကြီးဆိုတာကလည်း ကမ္ဘာ့စာပေသမိုင်းမှာ အင်မတန်အစဉ်အလာကြီးမားတဲ့ ဝတ္ထုကြီးပါ။ မူရင်းစာရေးသူရဲ့ ဒီဝတ္ထုဖြစ်ပေါ်လာဖို့ ကြိုးပမ်းအား ထုတ်ရမှုနဲ့ ဒီဝတ္ထုရေးသားဖြစ်ဖို့ မြစ်ဖျားခံလာတဲ့ ဇာစ်မြစ်ကကိုပဲ အင်မတန်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အာဖရိက လူမျိုးနွယ်စုတွေရဲ့ ဓလေ့စရိုက်တွေ၊ အမေရိကန်ကျွန်စနစ်အတွင်းက အဖြစ်သနစ်တွေ၊ လူသားတို့ရဲ့ လွတ်လပ်မှုနဲ့ တန်းတူညီမျှခွင့်အတွက် ရုန်းကန်လှုပ်ရှားမှုတွေ၊ လူယဉ်ကျေးမှုရဲ့ တိုးတက်ဖြစ်ပေါ်မှုတို့အတွက် ပေးဆပ်ရင်းနှီးရတာတွေ စတာတွေအတွက် မူရင်းစာရေးသူ ပေးချင်တဲ့၊ ဆရာမောင်ထွန်းသူ အမိရဖမ်းဆုပ်ပေးထားတဲ့ လူသမိုင်းဖြစ်စဉ်ထဲက မက်ခ်ျဆေ့တွေကို စာဖတ်သူတို့ ထိတွေ့ကြည့်နိုင်ပါစေ။