ကြက်ဥပေါ်လမ်းလျှောက်ခြင်း

မောင်စူးစမ်း

800 Kyats ကျပ်
ပါးလွှာကွဲအက်လွယ်သလို၊ ခုံးလျှောတစ်ခုဖြစ်တဲ့ ကြက်ဥတစ်လုံးရဲ့ မျက်နှာပြင်ပေါ် လမ်းလျှောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူတဲ့ ခက်ခဲသောအရာပါ။ ဒီစာအုပ်ဟာ ဆရာမောင်စူးစမ်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အတွေးအမြင် ရှုထောင့်စုံကနေ အကြောင်းအရာအစုံတို့ရဲ့ ခက်ခဲတဲ့ အမေးပုစ္ဆာတွေကို အဖြေထုတ်နိုင်ဖို့ စုစည်းဖော်ပြလိုက်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုပါရစေ။ ကြက်ဥပေါ်လမ်းလျှောက်သလိုပဲ ခက်ခဲတဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စတာတွေရဲ့ ခက်ခဲတဲ့ အမေးပုစ္ဆာတွေကို ကမ္ဘာ့ပညာရပ် အသီးသီးဆိုင်ရာ ပညာရှင်တွေက ဘယ်လို မျှော်မြင်ထားသလဲ ဆိုတာကို သိရတာ အင်မတန်ကို အဖိုးထိုက်တန်ပါတယ်။ အိုင်ဒီအိုလော်ဂျီသေဆုံးသွားပြီလို့ ကြွေးကြော်သံတွေရှိပေမယ့် ဒီစာအုပ်ပါ အိုင်ဒီအိုလော်ဂျီတွေကတော့ တစ်ဦးချင်းအတွက်ဖြစ်စေ၊ တစ်စုတစ်ဖွဲ့အတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် ဖြစ်စေ ရှင်သန်နေဆဲဖြစ်တယ် ဆိုတာကိုတော့ အာမခံလိုက်ပါရစေ။