စီးပွားရေးအဘိဓာန်

မောင်စူးစမ်း

800 Kyats ကျပ်
ကမ္ဘာနှင့်အ၀န်း ဒေသအားလုံး၌ စီးပွားရေး အပြောင်းအလဲဟာ အကောင်းဘက်မှာဖြစ်စေ၊ အဆိုးဘက်မှာ ဖြစ်စေ ကြီးကြီးကျယ်ကျယ် ဖြစ်ထွန်းနေကြပါတယ်။ ဤသို့ဖြစ်ထွန်းမှု အကျိုးဆက်အနေအထားဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဖို မ မရွေး၊ လူတိုင်းလိုလို စီးပွားရေးအကြောင်း သိချင်လာကြပါတယ်။ လူအများကလည်း ဤစီးပွားရေးသတင်း၊ ဝေဖန်ချက်များကို ခေတ်နဲ့အညီ သိနိုင်ရန် စာရေးဆရာ မောင်စူးစမ်းရေးသားထားတဲ့ "စီးပွားရေးအဘိဓာန်" စာအုပ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါကြောင့် စာချစ်သူများထဲမှာ စီးပွားရေးပညာကို လိုက်စားနေသောသူများ၊ သာမန်အရပ်သူအရပ်သားများ လွယ်ကူစွာ နားလည်သဘောပေါက်ပြီး အကျိုးရှိမှာဖြစ်တာကြောင့် စာချစ်သူများကို သတင်းကောင်းပေးလိုက်ပါတယ်။