ကျွန်မချစ်မိ အပြစ်ရှိသည်

မောင်စိန်ဝင်း(ပုတီးကုန်း)

800 Kyats ကျပ်
“သံယောဇဉ်ဖြင့်၊ နှောင်ငင်တွယ်ရစ်၊ ကျွန်မချစ်မိ အပြစ်ရှိသည်” တဲ့။ အချစ်ဟာ တကယ်ကို နားလည်ရခက်၊ ထူးဆန်းတဲ့ အံ့သြဖွယ်ပါပဲ။ မိန်းကလေးတွေနဲ့ ထည်လဲတွဲလေ့ရှိသူ ဇွဲ ဆိုတဲ့ ကောင်လေး။ ရိုးသားအေးဆေးပြီး ကိုယ့်အတွေးလေးနဲ့ ကိုယ်နေတတ်တဲ့ “ခင်နှင်းသန့်” ဆိုတဲ့ မိန်းကလေး။ မြို့ပြအင်ဂျင်နီယာ ၊ စက်မှုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပြင်ဦးလွင်ခရီး။ “ခင်နှင်းသန့်”ရဲ့ သူ့ချစ်သူအပေါ် ထားရှိတဲ့ ချစ်မေတ္တာ … ဒါတွေကိုယှက်နွယ်ပြီး ဆရာမောင်စိန်ဝင်းက ဝတ္ထုကို ဘယ်လိုဖန်တီးခြယ်မှုန်းထားမလဲဆိုတာ ခံစားကြည့်ရအောင်။