အမေရိကန်အိမ်ဖြူတော်မှ သမ္မတကြီးများ အတ္ထုပ္ဗတ္တိ

မောင်စင်ကြယ်

600 Kyats ကျပ်
ဒီနေ့ခေတ်မှာ အမေရိကန်ဟာ the most powerful နိုင်ငံလို့ ပြောရင် မှားမယ်မထင်ပါဘူး။ စက်မှုလက်မှုကအစ စီးပွားရေးအဆုံး ဖွံ့ဖြိုးမှုမှာ ကမ္ဘာ့ထိပ်ဆုံး နံပါတ် (၁) အဖြစ် ရပ်တည်နေတာကိုလည်း စာချစ်သူတို့ သိကြမှာပါ။ ဒါပေမယ့်လည်း အမေရိကန်ကမ္ဘာသစ်ဟာ (၁၄) ရာစုနှောင်းပိုင်း ခရစ်စတိုဖာ ကိုလံဘတ်စ် စတင်တွေ့ရှိခဲ့ချိန်ကစလို့ အမြဲ လာခြင်းကောင်းသောနိုင်ငံတော့ မဟုတ်ခဲ့ပါဘူး။ ကိုလိုနီနယ်ချဲ့ခံရမှု၊ ကျူးကျော်ရန်စခံရမှုတွေကြားက ပြာပုံထဲက တိုးထွက်လာတဲ့ မီးလျှံငှက်လို တစ်စစ တည်ဆောက်ယူခဲ့ကြရတာပါ။ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်ကစလို့ (၄၃) ဆက်မြောက် သမ္မတ ဘားရက်အိုဘားမားတို့ရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အနစ်နာခံမှုတို့နဲ့အတူ အမေရိကန်ပြည်သူပြည်သားတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ယုံကြည်မှုတို့ကြောင့်သာ ဒီနေ့အောင်လံလွှင့်ထူနေတဲ့ အမေရိကန်ရယ်လို့ ဖြစ်လာတာပါ။ ဒီစာအုပ်ထဲမှာ (၁၇) ရာစုနှစ် ဗြိတိသျှတွေရဲ့ ကိုလိုနီလက်အောက်ခံဘဝကနေ လွတ်လပ်သောအမေရိကန်နိုင်ငံအဖြစ် တော်လှန်ရေးနဲ့ တည်ဆောက်ခဲ့ပုံကနေ အစပြုပြီး အမေရိကန်သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ အိမ်ဖြူတော်စတင်ပန္နက်ချခဲ့ပုံ၊ ခေတ်အဆက်ဆက် သမ္မတကတော်တွေက မွမ်းမံပြင်ဆင်ခဲ့ပုံ၊ သမ္မတအဆက်ဆက်ရဲ့ ငယ်စဉ်ဘဝ၊ သမိုင်းနောက်ခံ၊ ပညာရေး၊ လူမှုရေး၊ အချစ်ရေး၊ စိတ်နေစိတ်ထား၊ အမူအကျင့်၊ နိုင်ငံရေးခံယူချက်၊ မိသားစုဘဝတွေကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။