စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း

မောင်ခင်မင်(ဓနုဖြူ)

600 Kyats ကျပ်
စာရေးသူ့အမှာ ကောက်နုတ်ချက် ။ ။ စာပေလေ့လာမှုနယ်ပယ်၊ စာပေရေးဖွဲ့နည်းနာများ၊ စာပေအကဲဖြတ်မှု၊ ရသခံစားမှု စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးဖော်ပြထားခြင်း ဖြစ်ပါသည်။ စာပေလေ့လာမှု နယ်ပယ်ကို အခြားပညာရှင်များ၏ လေ့လာမှုနယ်ပယ်များနှင့် ခွဲခြားရှုမြင်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးများကိုလည်း ရေးဖြစ်ခဲ့ပါသည်။ စာပေကို ဘာသာစကားဖြင့် ဖွဲ့စည်းထားသော အဆောက်အအုံအဖြစ် ရှုမြင်လျက် ထိုအဆောက်အအုံကို ပုံဖော်ပေးသော စာပေသုံးစကားများကို လေ့လာစူးစမ်းသည့် ဆောင်းပါးများကိုလည်း ရေးဖြစ်ခဲ့ပါသည်။ ရသခံစားမှုကို လေ့လာစူးစမ်းသည့် ဆောင်းပါးများကိုလည်း ရေးဖြစ်ခဲ့ပါသည်။ ယခု ထိုဆောင်းပါးများကို ရွေးချယ်၍ “စာပေသဘောတရားနည်းနာစုအဖြစ်” စုစည်း ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ ဤစာစုသည် စာပေသဘောတရားနှင့် စာပေလေ့လာမှု နည်းနာများကို စူးစမ်းလေ့လာရာတွင် လေ့လာသူတို့အား အတွေးစများ ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။