အိပ္မက္ရာသီ

နေနော်

600 Kyats ကျပ်
ဘုရားရှိခိုးကျောင်းခန်းမထဲ မတ်တပ်ရပ် တိတ်ဆိတ်ငြိမ်သက်နေကြတဲ့ ဧည့်ပရိတ်သတ်များကြား သတို့သားနဲ့ သတို့သမီးနှစ်ဦးရဲ့ ရင်ထဲမှာတော့ ထိုတိတ်ဆိတ်ငြိမ်သက်မှုနဲ့ ဆန့်ကျင်စွာ နှလုံးခုန်သံတွေက ဝုန်းဒိုင်းကြဲလို့။ သိက္ခတော်ရ ဆရာတော်ရဲ့ သမ္မကျမ်းစာ ရွတ်ဖတ်သံအဆုံး သူတို့နှစ်ဦးဆီကို လက်ညှိုးညွှန်လျက် ပီသခန့်ညားစွာ မေးမြန်းလိုက်တာက “ဤတရားသဖြင့် လက်ထပ်ခြင်းကို တရားသဖြင့် ဆီးတားကန့်ကွက်လိုသူများ ရှိပါက ယခုအချိန် ကန့်ကွက်နိုင်ပါသည်” ဟူ၍။ ပထမအကြိမ်မေးအပြီး … ထို့နောက် ဒုတိယအကြိမ်မေးအပြီး ခန်းမသည် တိတ်ဆိတ်ဆဲ။ ထိုစဉ် ထိုတိတ်ဆိတ်ခြင်းထဲ ဧည့်သည်များ၏ အနောက်ဘက်မှ ညင်သာ တိုးတိတ်သော ရှိုက်သံသဲ့သဲ့လေးက ပျံ့လွင့်လာတယ်။ မိန်းမတစ်ဦး၏ ရှိုက်သံ။ ဟုတ်ပါတယ်။ ပြီးတော့ … ထိုရှိုက်သံစွက်လျက် ထိုမိန်းမက စကားတစ်ခွန်းကို လှမ်းပြောလိုက်တယ်။ “ကျွန်မ ကန့်ကွက်ပါတယ်”။ မင်္ဂလာအပြည့်နဲ့ ဘုရားကျောင်းခန်းမဟာ ချက်ချင်းကိုပဲ ဘဝနှစ်ခုရဲ့ ဈာပနနေရာ ဖြစ်သွားရပါတော့တယ်။ ဒါဟာ တစ်ချိန်က အင်မတန်အောင်မြင်ခဲ့တဲ့ အိမ်မက်ရာသီ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်း၊ သို့မဟုတ် ထိုရုပ်ရှင်၏ မူရင်းဖြစ်သော ဆရာနေနော်၏ ဝတ္ထုအဖွင့်ခန်းကို အတိုချုံးထားခြင်းပါ။ အိမ်မက်ရာသီဆိုတဲ့ အသံကို ကြားရင် ပရိတ်သတ်တွေ စွဲလမ်းခုန်မင်ခဲ့ကြတဲ့ ဒွေးရဲ့ သရုပ်ဆောင်မှုတွေကို ပြန်လွမ်းဆွတ်ကြပါလိမ့်မယ်။ ဒါနဲ့အတူပဲ ပရိတ်သတ်များ တရှိုက်ရှိုက်မက်မက် ဖတ်ရှုခဲ့ကြတဲ့ ဆရာနေနော်ရဲ့ ဝတ္ထုအဖွဲ့လေးများကိုလည်း ပြန်တမ်းတကြပါလိမ့်မယ်။ အဲဒီလို လွမ်းဆွတ်တမ်းတနေသူများအတွက် အိမ်မက်ရာသီကို အလွမ်းဖြေဖို့ ဝန်ဇင်းက တင်ဆက်ပေးထားပါတယ်။