အချစ်ရောင်ရင့်ရင့်

နေနော်

600 Kyats ကျပ်
အငှားစာအုပ်ဆိုင်ခေတ်တုန်းက လူကြိုက်များခဲ့ပြီး လက်မလည်အောင် ငှားခဲ့ရတဲ့ ဆရာနေနော်ရဲ့ စာအုပ်တစ်အုပ်နဲ့ စာချစ်သူတို့ကို ပြန်မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်လေးနာမည်က 'အချစ်ရောင်ရင့်ရင့်' တဲ့။ ဆရာနေနော်ရဲ့ နူးညံ့သွက်လက်တဲ့ ဝါကျတည်ဆောက်ပုံ၊ ရိုးမလိုလိုနဲ့ ဆန်းအောင် ဖွဲ့ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်၊ ရင်ခုန်စရာ အရေးအသားတွေက စာချစ်သူတို့ကို တသိမ့်သိမ့် တငြိမ့်ငြိမ့် ခံစားရစေမှာပါ။ ဇာတ်လမ်းလေးက မောင်လေးနဲ့ မမ အချစ်ဇာတ်လမ်းဗျ။ စာချစ်သူတွေထဲမှာ မမကို ချစ်မိတဲ့ မောင်လေးတွေ၊ မောင်လေးကို ချစ်မိတဲ့ မမတွေများ ရှိနေမယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်သင့်ပါရဲ့ခင်ဗျ။ တကယ်တော့ မမနဲ့ မောင်လေး အချစ်ပုံပြင်မျိုးဆိုတာ ဘယ်ခေတ်ဖြစ်ဖြစ် ရှိကိုရှိနေဦးမယ့် ချစ်ခြင်းတစ်မျိုးပဲ မဟုတ်ပါလားနော်။ ကဲ ... ဖတ်ကြည့်ပါဦး။