လင်မျှော်တိမ်

နေဝင်းမြင့်

800 Kyats ကျပ်
...မူရင်းစာအုပ် - EDUCATED YOUTH by YE XIN သည်ဝတ္ထုမှာတော့ တရုတ်ပြည်အရှေ့ပိုင်းကျတဲ့ ရှန်ဟိုင်းမြို့ကြီးက အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားကျေးလက်ကို စေလွှတ်ခြင်းခံကြရတဲ့ ပညာတတ်လူငယ်တွေကို ဇာတ်အိမ်တည်ထားပါတယ်။ ရှန်ဟိုင်းနဲ့ ဆစ်ဆောင်ပန်းနားဟာ မိုင်ပေါင်းထောင်ချီဝေးတယ်။ ဘယ်လောက်ပဲဝေးဝေး မိရင်းဖရင်းတွေနဲ့ တွေ့ချင်ကြလို့ စွန့်စွန့်စားစား ခရီးထွက်လာကြတဲ့ လူငယ်ငါးယောက်ဟာ တစ်နေ့တော့ ရှန်ဟိုင်းမြို့ကို မီးရထားနဲ့ ရောက်လာခဲ့ကြတယ်။ ရွာမှာတုန်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ရှန်ဟိုင်းမြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံတွေ၊ နတ်ဘုံနတ်နန်းတွေလို မြင့်မားခေါင်ခေါင် မီးရောင်ရှိန်ရှိန် တိုက်တာအိမ်ခြေတွေ၊ ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ လမ်းမကြီးတွေ၊ လိုချင်သမျှ အကုန်ရနိုင်တဲ့ ဈေးဆိုင်ကြီးတွေကို မြင်ကြရတော့ မြို့ပြမှာရှိနေကြတဲ့ သူတို့မိဘတွေလည်း သည်လိုပဲ ရှိကြရော့မယ်လို့ ထင်ခဲ့ကြတယ်။ သူတို့လာခဲ့ကြတဲ့ ခရီး စိတ်ကူးထဲမှာ သည်တစ်ချက်လည်း ပါပါတယ်။ စီးဖန်၊ ရှောက်ဖျင်၊ ယုန်ဟွီ၊ ထျင်းဝှာ ဆိုတဲ့ယောက်ျားကလေး လေးယောက်နဲ့ ရှင်မေးရှာဆိုတဲ့ မိန်းကလေးတစ်ယောက်ပါတဲ့ သည်အုပ်စုဟာ သူတို့အိပ်မက် မက်ခဲ့ကြတဲ့ ရှန်ဟိုင်းမြို့ကြီးကို တကယ်တမ်း ရောက်လာကြတဲ့အခါ … ။ မူရင်းဝတ္ထုရေးဆရာ သည်ဝတ္ထုကိုရေးတဲ့ ယဲ့ရှင် (Ye Xin) ဟာ တရုတ်နိုင်ငံမှာ လူသိများတဲ့ စာရေးဆရာပါ။ သူကိုယ်တိုင်လည်း အသက်နှစ်ဆယ်အရွယ် အညွန့်တလူလူ ရှိရမယ့်အရွယ်က ပညာတတ်လူငယ်အဖြစ်နဲ့ ဟူနန်ကွေ့ကျိုး မီးရထားလမ်း ဖောက်လုပ်ရေးကို စေလွှတ်ခြင်းခံခဲ့ရသူပါ။ အဲသည်ခေတ်ကာလက ပညာတတ်လူငယ်တွေရဲ့ဘဝကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရသူဆိုတော့ သူ့ဘဝ သူ့အတွေ့အကြုံတွေနဲ့ပဲ ရောမွှေပြီး အခင်းအကျင်းကောင်းကောင်း ခြယ်မှုန်းထားတယ်။