နောက်များတော့ ဆုံကြမယ်

နေဘုန်းခ(ကေတု)

300 Kyats ကျပ်
ပရလောက နောက်ခံ ဇာတ်လမ်းတိုင်းက ချောက်ချောက်ချားချား ခံစားမှုတွေနဲ့ ပြည့်နှက်မနေပါဘူး။ တချို့ဇာတ်လမ်းတွေက ဝိညာဉ်တွေအကြောင်း အခြေခံရေးသားထားပေမဲ့ ဝမ်းနည်းစရာ ခံစားမှုတွေလည်း ရောပါနေတတ်တယ် မဟုတ်လား။ အခု မိတ်ဆက်ပေးမယ့် စာအုပ်လေးကလည်း ပရလောကနောက်ခံ ဇာတ်လမ်းဆိုပေမယ့် စိတ်မကောင်းစရာ ခံစားချက်ကလေးတွေနဲ့ လွမ်းမောကျန်ရစ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ မန္တလေးမြို့ရဲ့ ခြင်ပေါတဲ့ ရပ်ကွက်တစ်ခု၊ လူရိပ်လူခြေ တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန်၊ ရုံးက ပေးလာတဲ့ စာရင်းဇယားတွေနဲ့ ခေါင်းရှုပ်နေတဲ့ လူတစ်ယောက်။ ညအတော်နက်တဲ့အထိ အလုပ်လုပ်ရင်း နောက်ကျနေပြီမို့ အိပ်ဖို့ပြင်ချိန်မှာ တဒေါက်ဒေါက် လာခေါက်တဲ့ တံခါးသံနဲ့အတူ ချိုသာတဲ့ မိန်းကလေးသံတစ်သံ။ ထကြည့်တော့ ကားပျက်ပြီး အကူအညီလိုအပ်နေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ သူ ကားထပြင်ပေးခဲ့တယ်။ ကားပြင်ရင်း ရင်းရင်းနှီးနှီး စကားတွေ ပြောခဲ့ကြတယ်။ ကားပြန်ကောင်းသွားချိန်မှာ ‘နောက်မှဆုံကြဦးမယ်’ ဆိုတဲ့ နှုတ်ဆက်စကားနဲ့ မောင်းထွက်သွားတဲ့ ကားတစ်စီးနဲ့ မိန်းမလှလေးကို သူ ငေးကြည့်ကျန်ရစ်ခဲ့တယ်။ နောက်နေ့မနက်လည်း ရောက်ရော … ။