ဝါးရုံတောမှချစ်ဝင်္ကပါ

နေထွဋ်နောင်

800 Kyats ကျပ်
ဒီစာအုပ်က ထူးခြားပါတယ်။ ဝါးရုံတောမှ ချစ်ဝင်္ကပါ ဆိုတဲ့ ဒီဇာတ်လမ်းက ပြီးဆုံးခဲ့ပြီ ဖြစ်တဲ့ ဒုတိယကမ္ဘာစစ် ကာလကို နောက်ခံထား ရေးသားထားတဲ့ ဆွတ်ပျံ့ဖွယ်၊ လွမ်းမောဖွယ်၊ ရင်ထိတ်ဖွယ်၊ အံ့သြဖွယ်၊ ခံစားမှုတွေ ပြည့်နေတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ပါပဲ။ တကယ်လို့များ သင်ဟာ ဒီစာအုပ်ကို အစကနေ အဆုံးအထိ ဖတ်ဖြစ်ခဲ့မယ် ဆိုရင်၊ ဖတ်ရင်းဖတ်ရင်း ကုန်လွန်ခဲ့ပြီးတဲ့ ဒုတိယကမ္ဘာစစ်ကြီးဆီ စိတ်ခံစားမှုတွေ ကူးပြောင်းရောက်ရှိသွားမှာ အသေအချာပါပဲ။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ များစွာ၊ များစွာ ဖြစ်ခဲ့ကြတဲ့အထဲမှာမှ မဟာစစ်ပွဲလို့ ဆိုကြတဲ့ ကမ္ဘာစစ်ကြီး နှစ်ကြိမ်တိတိ ဖြစ်ပွားခဲ့ကြတာကို အားလုံး အသိပါပဲ။ ဒီကမ္ဘာစစ်နှစ်ပွဲထဲမှာမှ ဒုတိယကမ္ဘာစစ်က အကြီးမားဆုံး စစ်ပွဲကြီးပါ။ ဒီစစ်ပွဲကြီးရဲ့ ရိုက်ခတ်မှုကို မြန်မာနိုင်ငံလည်း အထိအခိုက်များစွာ ခံစားခဲ့ရတာလည်း ပြောစရာမလိုတော့ပါဘူး။ ဒီစာအုပ်မှာ ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပွဲနောက်ခံကာလနဲ့အတူ၊ မြန်မာ့မြေပေါ် ရောက်လာတဲ့ ဂျပန်တပ်မတော်ထဲက စိတ်ထားသဘောထားကောင်းတဲ့ ဂျပန်စစ်ဗိုလ်လေးတစ်ဦးနဲ့ မြန်မာအမျိုးသမီးလေးတစ်ဦးတို့ရဲ့ စစ်ပွဲကြားက ချစ်မေတ္တာကို ရင်တနင့်နင့် ခံစားကြရမှာပါ။