ဘုရင်မကြီးရှင်စောပုနှင့် ပဒေသရာဇ်စနစ်ဆိုး

ဒေါ်အုန်းကြည်သား

500 Kyats ကျပ်
ဒီစာအုပ်ကတော့ (၂၀၁၅) ရွေးကောက်ပွဲအကြို အထိမ်းအမှတ်အဖြစ် စာရေးသူ ဒေါ်အုန်းကြည်သားက ရှာဖွေစုဆောင်း တင်ပြရေးသားထားတဲ့ ဘုရင်မကြီး ရှင်စောပုရဲ့ သမိုင်းအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ ဘုန်းမီးနေလ တောက်ပခဲ့သလို သြဇာကြီးမားလှတဲ့ ဘုရင်မကြီး ရှင်စောပု။ ဘုရာဒါယိကာမကြီးအဖြစ် သာသနာပြုခဲ့တဲ့ ဘုရင်မကြီး ရှင်စောပု။ ဘုရင်မကြီး ရှင်စောပု မဖြစ်ခင် ဘဝဖြတ်သန်းမှု၊ ခမည်းတော် ရာဇဓိရာဇ်လက်ထက်တော် နန်းတွင်းအရေး၊ မတ်သံလုံခေါ် လဂွန်းအိမ်အကြောင်း၊ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ် စစ်ပွဲ၊ သမိန်ဗရမ်းနဲ့ ဂါမဏိရဲ့ စီးချင်းထိုးသတ်ပွဲ၊ အင်းဝရဲ့ အကျဉ်းစံမိဖုရား အဖြစ်ကနေ ရဟန်းနှစ်ပါး အကူအညီနဲ့ ဇာတိဟံသာဝတီဆီ စွန့်စားထွက်ပြေးခဲ့တဲ့ ရှင်စောပု၊ ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ သာသနာပြု ဓမ္မစေတီမင်း စတဲ့ စတဲ့ စိတ်ဝင်စားဖွယ် မြန်မာ့သမိုင်းတစ်ကွေ့ဆီက အဖြစ်အပျက်တွေကို သုတရသစုံစုံလင်လင် ဖတ်ရှုလေ့လာနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။