ကာမလိမ်လည်ရယူမှုနှင့် အခြားဖိုမလူမှုရေး ဆောင်းပါးများ

ဒေါ်တာထွန်းဝင်း

800 Kyats ကျပ်
အသက်တရာ မနေရ၊ အမှုတရာ ပွေရ’ ဆိုတာ အပျင်းပြေ ဖတ်လို့ကောင်းတဲ့ စကားပုံတော့ မဟုတ်ပါဘူး။ သတိနဲ့ ဂရုစိုက်သင့်တဲ့ ကိစ္စ တခုပါ။ လူ ဖြစ်လာပြီ ဆိုတာနဲ့ တချိန်မဟုတ် တချိန်မှာတော့ အမှုကိစ္စ ကြီးငယ်နဲ့ ကြုံတွေ့ရတတ်ပါတယ်။ အမှုသေးသေးက ကိစ္စ မရှိဘူး ထင်ရပေမယ့်၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ပြီး အသရေ ညှိုးနွမ်းစေနိုင်တဲ့ အမှုမျိုး ဆိုရင်တော့ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဒီ စာအုပ်ကတော့ လတ်တလော မကြာခဏ မြင်တွေ့နေရတဲ့၊ သမီးရည်းစား လင်မယားတွေကြားက ပြဿနာတွေ ဖြစ်တဲ့ ကာမလိမ်လည် ရယူမှုတို့၊ လီဆယ် တိုင်တန်းမှုတို့၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ အမှုမြောက်မှု မမြောက်မှုတို့ အကြောင်းကို ပြောပြထားပါတယ်။ မသိထားလို့တော့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စတွေပဲမို့ စာဖတ်သူတို့ ဖတ်ကြည့်ကြပါ၊ လေ့လာပါ၊ ပြန်မျှဝေပါလို့ တိုက်တွန်းချင်ပါတယ်။