ပိႏၷဲသီးသရဲ

ဒေဝတာ

800 Kyats ကျပ်
စာမြည်း ။ ။ “မကြီးကျယ်နဲ့ ဟေ့ကောင်၊ မအေဗိုက်ထဲက လိမ်စရာမရှိ ခြေချင်းလိမ်ပြီး ထွက်လာခဲ့တဲ့ မင်းလိုကောင်အဖို့ … ဘယ်ကိစ္စမဆို လိမ်နည်းပညာကို ငါးမိနစ်အတွင်း မြင်တာနဲ့တတ်တာ ငါသိ ပြီးသား” ဟုတ်တော့လည်း ဟုတ်တယ်။ မောင်တစ်ယောက် လိမ်တဲ့နေရာမှာ ပါရမီပါတယ်လို့ ဆိုလို့ရမယ်။ ဘယ်လိုလိမ်နည်းမဆို တစ်ခါမြင်ဖူးတာနဲ့ သူမှတ်မိတယ်။ ဒါပေမယ့် ကြာကြာမခံ သူလိမ်တာမိတော့သည်။ နောက်ဆုံးတော့ ထွက်ပြေးရင်း မောင်တစ်ယောက် သာသနာ့ဘောင်ကိုဝင်လိုက်တော့တယ်။ မောင့်မှာ လူမသိတဲ့ အချက်တစ်ချက်ရှိတယ်။ အဲ့ဒါကတော့ သရဲအရမ်းကြောက်တတ်တယ်ဆိုတာပါပဲ။ အဲလို သရဲကြောက်တတ်တဲ့ မောင်တစ်ယောက် သာသနာ့ဘောင်ဝင်နေချိန် ပိန္နဲသီးခိုးခူးရင်း ပိန္နဲသီးပိသေတဲ့ သရဲမတစ်ယောက် ရဲ့ကိစ္စကြုံလာတဲ့ အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ ... ဒီစာအုပ်က သရဲဇာတ်လမ်းကို ဟာသလေးနှောပြီးရေးထားဖြစ်တဲ့အတွက် ကြောက်လိုက်၊ ရယ်လိုက်ဖြစ်နေမှာ အသေအချာပါပဲ။