အိပ္မေပ်ာ္ဘူးလား

ဒေါက်တာလှကြည်

1000 Kyats ကျပ်
အိပ်စက်ခြင်းဟာ ဘုရားသခင်က လူသားတွေအတွက် အခွင့်အရေး တန်းတူညီမျှ ပေးသနားထားတဲ့ ဇိမ်ခံမှုတစ်မျိုးပါပဲ။ ဆင်းရဲချမ်းသာမရွေး၊ အသားမည်းသူ၊ အသားဖြူသူ၊ ဘာသာမတူသူ၊ ကျား မ၊ လူဆိုး လူကောင်းမရွေးအတွက် စည်းစိမ်အကျဆုံး အရာ၊ ဘယ်သူမဆို ခံစားနိုင်တဲ့အရာပါ။ ဒါပေမဲ့ အဲဒီအခွင့်ထူးကို အကောင်းဆုံး အသုံးမချနိုင်ဘဲ အိပ်မပျော်ခြင်း ဝေဒနာကို ခံစားနေရသူတွေ အများကြီး ရှိပါတယ်။ လူတော်တော်များများဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ကြပါဘူး။ ဆရာဝန်တွေဆီ ရောက်လာကြတဲ့ လူနာတွေထဲမှာ သုံးပုံတစ်ပုံလောက်က အိပ်မပျော်ကြောင်း ပြောပြကြပါတယ်။ အိပ်ရေးဝအောင် အိပ်စက်ခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် အရေးပါတဲ့ကိစ္စဆိုတာ သင် သိပါသလား။ ဟုတ်ကဲ့ ... သင် အိပ်မပျော်ဘူးလား။ ဒီစာအုပ်ကို ဖတ်ကြည့်ပါ မိတ်ဆွေ။