လူငယ်များအတွက် အမေစုပြောကြားသော ခေါင်းဆောင်မှု သဘောတရား

ဒေါက်တာထွန်းဝင်း

800 Kyats ကျပ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်းတင် မဟုတ်ဘဲ ကမ္ဘာ့ကပါ အသိအမှတ်ပြု လေးစားရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါဟာ သာမန် သမားရိုးကျ ပညာရပ်ဝန်းတစ်ခုမှာ ထူးချွန်ပြောင်မြောက်မှုကြောင့် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပေးနိုင်မှု၊ သူရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေး၊ ဗီဇအရည်အသွေးတွေဖြစ်တဲ့ အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှု၊ ထိုးထွင်း ဖောက်ထွက်နိုင်မှုစတာတွေ၊ ခိုင်မြဲတဲ့ ယုံကြည်ချက်၊ မတွန့်မဆုတ်တဲ့ ဇွဲလုံလဝီရိယ၊ ပြည့်ဝတဲ့ ဥာဏ်ပညာအရည်အချင်း စတာတွေအပြင် သူဟာ လူအများကို ဆွဲယူ စည်းရုံးနိုင်မှုအားကြီးတဲ့ ခေါင်းဆောင်မှုဟန် အရည်အသွေးတွေနဲ့ပါ ပြည့်စုံလှတဲ့ သူတစ်ဦးမို့လို့ပါ။ ဒါဟာ စကားလုံးတွေကို စီရေးထားတဲ့ အချက်အလက်သက်သက်သာ မဟုတ်ကြောင်းလည်း မြန်မာ့လူ့ အသိုင်းအဝိုင်းအနေနဲ့ ကောင်းကောင်းသိကြပါလိမ့်မယ်။ အဲဒီလို စံပြုပုဂ္ဂိုလ်ခေါင်းဆောင်တစ်ယောက်ရဲ့ ခေါင်းဆောင် မှုဆိုင်ရာ သဘောတရားတွေကို လူငယ်တွေအတွက် ပြန်လည် ရေးဖွဲ့ခြယ်မှုန်းပြသတဲ့ ဆရာဒေါက်တာထွန်းဝင်းကို အထူး ကျေးဇူးတင်ရပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ အရည်အသွေးမြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အစပြုလျှောက်လှမ်းနေ ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်းအတွက် အတုယူစံပြုလေ့လာကြရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကိုယ်ပွားဖြစ်စေရာ သဘောတရားတွေ မို့ပါပဲ။