သူရဲကောင်းတို့တိုင်းပြည်

ဒေါက်တာထီလာစစ်သူ

600 Kyats ကျပ်
ကဗျာစာဆို၊ စာရေးဆရာ၊ သတင်းစာဆရာ၊ တေးရေးဆရာ ဒေါက်တာထီလာစစ်သူ။ ဂျပန်၊ လာအို၊ ယူဂိုဆလားဗီးယား၊ အင်္ဂလန်၊ အိုင်ယာလန်၊ တရုတ်၊ မြန်မာနိုင်ငံ … စတဲ့ နိုင်ငံအသီးသီးကနေ စာပေပါရဂူဘွဲ့၊ ကဗျာသရဖူဘွဲ့၊ စာပေယဉ်ကျေးမှု သံတမန်ဘွဲ့၊ ပညာရေးဘွဲ့၊ ချစ်ကြည်ရေး မိတ်သင်္ဂဟဘွဲ့ အပါအဝင် ဘွဲ့ထူးပေါင်း (၃၀) ကျော် ချီးမြှင့်အပ်နှံခံရသူ၊ ဒေါက်တာထီလာစစ်သူ ရေးသားပြုစုတဲ့ သူရဲကောင်းတို့ တိုင်းပြည် (စစ်သမိုင်း ရည်ညွှန်းကျမ်း) ကို ဖတ်ရှုနိုင်ပါပြီ။ ဒီကျမ်းက ဘယ်လိုကျမ်းမျိုးလဲ၊ ဘယ်လို အကြောင်းအရာတွေ ပါဝင်မလဲ၊ ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းမလဲ၊ ဒါတွေကို သိရဖို့ အခုပဲ ဒီကျမ်းကို ဖတ်ကြည့်လိုက်ပါ။ ကျမ်းဆိုပေမဲ့ လေးလေးပင်ပင် အရေးအသားမျိုး မဟုတ်ဘဲ လူတိုင်း ဖတ်နိုင်၊ ခံစားနိုင်၊ တွေးမြင်နိုင်၊ ဗဟုသုတ ရယူနိုင်မယ့် မြန်မာ့စစ်သမိုင်းရည်ညွှန်းကျမ်းတစ်စောင် ဖြစ်ပါတယ်။