လေယာဉ်ပေါ်ကအလောင်း

ဒဝေတာ

800 Kyats ကျပ်
လေယာဉ်စီးပြီး ခရီးသွားမယ့် တူဖြစ်သူကို ကြီးမေဖြစ်သူက အပြင်းအထန် တားမြစ်ခဲ့တယ်။ ဘာကြောင့် ဒီလေယာဉ်နဲ့ ပေးမသွားရတာလဲဆိုတာ မေးပေမဲ့ ကြီးမေကတော့ မပြောဘဲ တားပဲ တားနေတယ်။ လူဆိုတာ မသိရတာကို ပိုသိချင်တဲ့ စိတ်ရှိတာကြောင့် အတင်းမေးတဲ့အခါမှ ကြီးမေဟာ မလွှဲမရှောင်သာ ပြောပြရပါတော့တယ်။ ခရီးသည်တစ်ယောက်နဲ့ လေယာဉ်မယ် တစ်ယောက် သေဆုံးပြီး မကျွတ်မလွတ် လေယာဉ်ပေါ်က သရဲတွေ ဖြစ်နေတဲ့ ဒီလေယာဉ်ကြီးရဲ့ နောက်ခံအဖြစ်အပျက်တွေဟာ ထိတ်လန့်စရာ အတိ။ အငြိုးအတေး၊ ကလဲ့စားချေမှု၊ အမုန်း၊ ဒေါသနဲ့ ကြိုတင် ကြံစည်မှုတွေအကြားမှာ မကျွတ်နိုင်တဲ့ သရဲနှစ်ကောင်၊ တစ်ကိုယ်လုံး ပတ်တီးအဖွေးသား စည်းထားတဲ့ အလောင်းကောင်ကြီးက လေယာဉ်ထိုင်ခုံပေါ်မှာ ကြိုးနဲ့ တုပ်နှောင်လို့ … ကျိန်စာသင့် လက်စွပ်တွေနဲ့ မကျွတ်နိုင်တဲ့ သရဲတစ္ဆေတွေ၊ ဒီလို စိတ်ဝင်စားဖွယ် ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်တွေနဲ့ အသည်းတအေးအေး ဖတ်ရှုကြရမယ့် ဆရာဒေဝတာရဲ့ ‘လေယာဉ်ပေါ်က အလောင်း’ ပရလောက ဝတ္ထုရှည် ဖြစ်ပါတယ်။