ပျောက်ဆုံးနေသောအလောင်း

ဒဝေတာ

800 Kyats ကျပ်
ဝတ္ထုထဲက ဇာတ်လမ်းအရတော့၊ တစ်ချိန်က Best Seller စာရင်းဝင် ထိတ်လန့်သည်းဖို စာအုပ်တွေကို ရေးသားခဲ့တဲ့ စာရေးဆရာမလင်းညိုပြာ။ တခြားသူရဲ့ဝတ္ထုကို ကူးချခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်ပိုင်း တစ်နှစ်လောက် စာမရေးဘဲ နေဖြစ်ခဲ့တယ်။ ဒါပေမဲ့၊ ထုတ်ဝေသူတွေက သူ့ကို စာပြန်ရေးစေချင်တယ်။ အဲဒီတော့ သူက ကုန်ကြမ်းရှာဖို့ ပြင်ဆင်ရတာပေါ့။ မထင်မှတ်ဘဲ၊ ချောက်ချားစရာ အိမ်ကြီးတစ်လုံးကို သူစိတ်ဝင်စားခဲ့တယ်။ အိမ်ကြီးကိုရောက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ သွေးအေးလူသတ်သမားရုပ်ရှိတဲ့ သားအဖရယ်၊ မျက်နှာမှာ ဓားခုတ်ဒဏ်ရာနဲ့မိန်းမတစ်ယောက်ရယ်၊ သူရယ် ... ဘာတွေဖြစ်ကြမလဲဆိုတော့ !