ထမင်းချက်ကျွေးတဲ့သရဲ

ဒဝေတာ

800 Kyats ကျပ်
‘မောင် … အခု ကိုယ်တို့နှစ်ယောက် ဘဝချင်း မခြားကြတော့ဘူး မဟုတ်လားဟင်’ ဆိုတဲ့ သလင်းချို။ ‘ဘဝချင်း ခြားတာမခြားတာထက် နှလုံးသားချင်း မခြားဖို့က ပိုအရေးကြီးတယ် မဟုတ်လားဟင် ကိုကို’ ဆိုတဲ့ ခေတ်နှောင်း။ ‘နှောင်း … ဒီသရဲမ လက်ထဲက လွတ်ကို လွတ်စေရမယ်၊ ကိုကို မရရအောင် ကြိုးစားပေးမယ်’ ဆိုတဲ့ ကောင်းသစ်ထူး။ ဒီလို ဇာတ်ကောင်တွေရဲ့ ပတ်သက်ဆက်စပ်မှုတွေနဲ့အတူ အစွဲအလမ်း၊ နှောင်ကြိုးလိပ်ပြာ၊ အငြိုးအတေး၊ ကလဲ့စား၊ သွေးပျက်ချောက်ချားစရာ ခံစားမှု … စတဲ့ စတဲ့ အဖြစ်အပျက်တွေကို ရင်ထိတ်သည်းဖို ဖတ်ကြရမယ့် ဆရာဒေဝတာရဲ့ နာနာဘာဝဇာတ်လမ်းကောင်းတစ်ပုဒ်။