နေရောင်ခြည်နှင့် သင့်အရေပြား

တော်မြင့်(ငှက်ဖျား)

600 Kyats ကျပ်
မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် မြင့်မားနေကြောင်းကို မိုးလေဝသနဲ့ ဇလဗေဒဌာနမှ ထုတ်ပြန်ကြေညာချက်တွေကို ဆရာတော်မြင့် (ငှက်ဖျား) က အကြိမ်ကြိမ် ကြားသိခဲ့ရပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နည်းစနစ်တွေကိုလည်း အခါအားလျော်စွာ သတိပေးပြီး အသိပညာ ဖြန့်ဝေပေးတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒီပြဿနာဟာ မြန်မာနိုင်ငံကိုလည်း တံခါးခေါက်နေကြောင်း ထင်ရှားနေပါပြီ။ ဒါကြောင့် ဒီစာအုပ်ကို ဘာသာပြန်ဆိုခဲ့တာဖြစ်ကြောင်း ဆရာက ဆိုထားပါတယ်။ မူရင်း စာရေးဆရာကတော့ သြစတေးလျနိုင်ငံသား မျက်နှာဖြူလူမျိုးဖြစ်ပြီး နေရောင်ကြောင့် အသားညိုစေခြင်းကို ပြဿနာတစ်ရပ်အနေနဲ့ တင်ပြထားပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်၊ ခရမ်းလွန်ရောင်ခြည်သဘာဝ၊ အရေပြားကင်ဆာကုသပုံနဲ့ ကာကွယ်ပုံတွေကို ထောင့်စေအောင် ရှင်းပြထားပါတယ်။