၃၀၁၃

ညေး

600 Kyats ကျပ်
ဒီစာအုပ်က ဇာတ်လမ်းဆန်းဆန်းဆိုပေမဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်တွေကို ချစ်ခင်လာအောင် ရသအသွင် အတွေးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ကမ္ဘာနဲ့ အဝန်းမှာ တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်း ဘောလုံးကွင်း တစ်ကွင်းစာ ပမာဏရှိတဲ့ သစ်တော တစ်တောနှုန်း ခုတ်လှဲခံနေရတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒီဇာတ်လမ်းအခြေတည်ရာ ကာလက သက္ကရာဇ် ၃၀၁၃၊ ခေတ်လွန်အခြေပြု ဇာတ်အိမ်။ သက္ကရာဇ် ၃၀၁၃ မှာတော့ မြစ်ရေထဲမှာ ငါးတစ်ကောင် စတွေ့ရာက အစပြုလို့ စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားပါတယ်။ သမားရိုးကျ ချစ်ကြိုက်ညားကွဲ ဝတ္ထုမျိုး မဟုတ်ဘဲ ခေတ်လွန်စိတ်ကူးယဉ် ဇာတ်လမ်းမျိုးဆိုတော့ စာချစ်သူတို့ အကြိုက်တွေ့မှာ သေချာပါတယ်။