ဆိုင်းမဆင့်ဘုံမဆင့်ဖိတ်စာ

ညေး

600 Kyats ကျပ်
ချစ်သူရဲ့ စွန့်ပစ်ခံ ကောင်မလေးတစ်ယောက်ဟာ သူ့ကို သေမင်း မြင်တွေ့သွားမှာ စိုးလို့ ကမ္ဘာကြီးရဲ့ ထောင့်ကွယ်မျိုးစုံမှာ ပုန်းနေခဲ့ပါတယ်။ ကောင်မလေးဟာ အလွမ်းနဲ့ ခေတ္တခဏ ရပ်နားထားရတဲ့ (ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တဲ့) ဇာတ်လမ်းတစ်ပုဒ်ကို အသစ်ကနေ ပြန်စဖို့အတွက် သက်ရှိထင်ရှား ရှိနေဖို့ ရပ်တည်ကြိုးစားနေသူ။ ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးက တစ်ဦးတည်းသော သမီး၊ မတောင့်မတ မကြောင့်မကြ ဘဝ၊ ဘွဲ့ရပြီးသား၊ ရုပ်ရည် ခပ်ချောချော။ ဒီကောင်မလေးဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လူရည်သန့် ပညာတတ် ကောင်လေးတစ်ယောက်နဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတယ်။ တစ်နေ့မှာတော့ ကောင်မလေးဟာ မိန်းမတွေ ကျူးလွန်နေကျ အပြစ်အနာအဆာ ခပ်သေးသေးလေးတွေကို တစ်ကြိမ်စ နှစ်ကြိမ်စ ကျူးလွန်မိခဲ့တာကြောင့် ကောင်လေးက ကောင်မလေးကို စွန့်ပစ်ပြီး ကမ္ဘာတစ်ဖက်ခြမ်း နိုင်ငံတစ်နိုင်ငံဆီ ထွက်သွားခဲ့တယ်။ ကောင်မလေးကတော့ သေမင်းရဲ့ ရှာဖွေမှုကနေ ပုန်းခိုလို့ ချစ်သူကို စောင့်စားနေခဲ့ပါတယ်။ တစ်ညနေခင်းမှာတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ သတင်းဆိုး တစ်ခုက တောင်ဆင်းတောင်တက်လမ်းတွေ များလှတဲ့ မြို့ကလေးမှာ ကြေကွဲစရာ ရိုက်ခတ်သွားတယ်။ ဒီသတင်းက တခြားမဟုတ်ပါဘူး။ ကားတစ်စီးနဲ့ ကောင်မလေးတစ်ယောက် ချောက်ထဲပြုတ်ကျပြီး သေဆုံးသွားတဲ့ သတင်းတစ်ပုဒ်ပါပဲ။ ဒီဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာတော့ … ။