င့ါရင်ဘတ်နဲ့ ကွက်တိတော်တဲ့သူ

ညေး

600 Kyats ကျပ်
မြို့ငယ်လေးတစ်မြို့က ချစ်ခြင်းနဲ့ သစ္စာအကြောင်း ဖွဲ့ဆိုမှု ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြထားတဲ့ ဇာတ်လမ်းလေးပါ။ လက်ထပ်ခါနီးဆဲဆဲ သေဆုံးသွားတဲ့ ချစ်သူရဲ့ အလောင်းကို သတို့သမီးဝတ်ရုံ လွှမ်းခြုံပေးပြီး အချစ်ကြီးစွာနဲ့ ထားခဲ့တဲ့ သစ္စာနဲ့ လက်ထပ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်သူ သတို့သား။ ဒီလက်ထပ်ပွဲဟာ မြို့ငယ်ကလေးတွေအတွက်တော့ တအံ့တသြနဲ့ ရင်သပ်ရှုမောရတဲ့ အခမ်းအနားလေးတစ်ခုပေါ့။ ဒါ့ထက်ကို ပိုမိုအံ့သြစရာက လက်ထပ်ပွဲ ကျင်းပချိန်ရောက်တော့ သတို့သားက သူ့ ဆုံးဖြတ်ချက်ကို ရုတ်တရက် ပြောင်းပစ်လိုက်တယ်။ ဒီလက်ထပ်ပွဲကို မလုပ်တော့ဘူးတဲ့လေ။ အားလုံးဟာ အံ့အားသင့်နေချိန်မှာပဲ သတို့သားက ထပ်ပြောတယ်။ လက်ထပ်ပွဲ မလုပ်တော့ဘဲ သူ့သတို့သမီးရဲ့ ရုပ်အလောင်းကို ဆေးရည်စိမ်ပြီး တစ်သက်လုံး တစိမ့်စိမ့် ကြည့်နေနိုင်ဖို့ လုပ်ပါရစေတဲ့။ မြို့ကလူတွေရဲ့ ဆူညံပွက်သံတွေ ဟာ ဘုရားရှိခိုးကျောင်းထဲ လွှမ်းရောပေါ့။ ချစ်ခြင်းနဲ့ သစ္စာတရားဟာ သူတို့အတွက် မင်သက်စေတာကိုး။ ဒါဟာ ညေးရဲ့ ငါ့ရင်ဘတ်နဲ့ ကွက်တိတော်တဲ့သူ ဇာတ်လမ်းမဟုတ်သေးဘူးနော်။ တကယ့်ပင်မဇာတ်လမ်းကိုဆိုရင် ညေးဟာ ချစ်ခြင်းနဲ့ သစ္စာတရားအကြောင်းကို ဘယ်လိုဖွဲ့ဆိုမလဲဆိုတာ ဒီနေ့လို ချစ်သူများနေ့မှာ ချစ်သူတွေ အတူတူ ဖတ်ကြစေချင်ပါတယ်။