ငါ့ကမ်းရိုးတန်းကို လာနမ်းတဲ့မုန်တိုင်း

ညေး

800 Kyats ကျပ်
ပျိုး ဆိုတဲ့ ကောင်မလေးမှာ ကိုယ့်ချစ်သူအပေါ်ထက် သူတစ်ပါးအပေါ် အားနာတတ်၊ ကူညီတတ်တဲ့၊ စာရေးဆရာလေး "မောင်" ဆိုတဲ့ ချစ်သူတစ်ယောက် ရှိတယ်။ သူကတော့ လေပြည်လေးပေါ့။ ဗယ်လင်တိုင်းဒေးမှာတောင် သူတစ်ပါးကို ကူညီရင်း ကိုယ့်ချစ်သူထံ ရောက်မလာနိုင်တဲ့မောင်၊ မောင့်ကို စောင့်နေတဲ့ ပျိုးထံ မုန်တိုင်းလို ဝုန်းဒိုင်းကြဲ ဝင်ရောက်လာတဲ့သူက ရှိလာပြန်တယ်။ မောင့်ရဲ့ မပြတ်သား၊ အားနာတတ် ကူညီတတ်တာတွေကို ငြီးငွေ့လာတဲ့ ပျိုးဟာ မုန်တိုင်းလိုဝင်ရောက်လာတဲ့ "ကို" ဆိုတဲ့ ချစ်သူကိုလည်း မငြင်းဆန်နိုင်ခဲ့ပြန်ဘူး။ ကိုရီးယားကားလို သုံးပွင့်ဆိုင်အချစ်ပေါ့။ နောက်ပိုင်းဘာတွေ ဆက်ဖြစ်မလဲ။ ဇာတ်လမ်းအစကနေ အဆုံးထိ ရိုမန်တစ်ဆန်ဆန် ရင်ခုန်လှိုက်မောစွာနဲ့ပဲ ဖတ်ရှုကြည့်ပါဦး။ ဖွေးဖွေးသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို မကြည့်လိုက်ရတဲ့ ကျွန်တော့်လိုလူတွေအတွက်တော့ ဇာတ်ဝင်တေးဖြစ်တဲ့ ကေကေမိုးရဲ့ "မောင်မငိုရဘူးနော်" ဆိုတဲ့ သီချင်းလေးဖွင့်ပြီး ဝန်ဇင်းမှာ ဒီစာအုပ်လေးဖတ်ကာ အသေဖီးလ်လိုက်ကြရအောင်လို့။