သမင်လည်ပြန်အလောင်းဝှက်သူနှင့် မြွေသူတော်မောင်ခြိမ့်

ဇော်နိုင်ငံစိုး

600 Kyats ကျပ်
သာဒွန်းဦးမှာ လက်နှစ်ဖက်စလုံးတွင် လက်အိတ်ဝတ်ထားသလို သူ့နောက်ကျောကိုလည်း သေနတ်ဖြင့် ချိန်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် သူဌေးကြီး ဦးရွှေဖူးမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး သာဒွန်းဦးပြောသလို ဘန်ဂလိုရှိရာသို့ တုန်တုန်ယင်ယင် သွားနေခဲ့ရသည်။ သာဒွန်းဦးကလည်း နောက်မှနေ၍ ထပ်ကြပ်မခွာ လိုက်လာခဲ့ပြီး ဘန်ဂလိုထဲသို့ နှစ်ယောက်စလုံး ရောက်သွားတဲ့ အချိန်မှာတော့ … ။ ဆရာဇော်နိုင်ငံစိုးရဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုတွေကို မဖတ်ဖူးသေးဘူးဆိုရင် ဒီစာအုပ်နဲ့ ပွဲဦးထွက် ဖတ်ရှုကြည့်ဖို့ အကြံပြုချင်ပါတယ်။ ပင်ကိုရေးလည်း ဖြစ်၊ မြင်နေကြမဟုတ်တဲ့ ခပ်ဆန်းဆန်း အမှုတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ … သူဌေးကြီး ဦးရွှေဖူးတစ်ယောက် ဘာတွေလုပ်ခဲ့လို့ ဘာတွေဖြစ်သွားသလဲ ? မြွေသူတော် မောင်ခြိမ့်ကရော ဘယ်သူဖြစ်မလဲ သိရအောင် ဒီစာအုပ်ကို ဆက်ပြီး ဖတ်ကြည့်လိုက်ဦးနော်။