အဝေးရောက်ရခိုင်လူမျိုးများ
ဇော်လင်း
500 Kyats ကျပ်
...အဝေးရောက်ရခိုင်လူမျိုးများ၏ မူရင်းဒေသဖြစ်သော ရခိုင်ပြည်နယ်၏ သမိုင်းဖြစ်စဉ်များ၊ ရှေးဦးကုန်းမြေဖြစ်စဉ်များ၊ ရှေးဦးလူဖြစ်စဉ်များကို အဝေးရောက်ရခိုင်လူမျိုးများ၏ ဖြစ်စဉ်နှင့် ဆက်စပ်လေ့လာရာတွင် အထောက်အကူဖြစ်စေရန် အပိုင်း ၁ တွင် အခန်း(၃)ခန်းခွဲ၍ တင်ပြထားပါသည်။
အဝေးရောက်ရခိုင်လူမျိုးများ၏ဖြစ်စဉ်သည် အုပ်ချုပ်မှုကာလအပိုင်းအခြား ခေတ်စနစ်များနှင့် တိုက်ရိုက်အချိုးကျနေကြောင်း လက်တွေ့ရှိရသဖြင့် ရခိုင်ဘုရင်ခေတ်၊ မြို့ဝန်ခေတ်၊ ဗြိတိသျှခေတ်နှင့် လွတ်လပ်ပြီးခေတ်တို့ကို အပိုင်း ၂ တွင် အခန်း ၄ ခန်းခွဲ၍ တင်ပြထားပါသည်။ ဂျပန်ခေတ် (၁၉၄၂-၄၅) ကိုမူ အချိန်ကာလတိုတောင်းခြင်း၊ အဝေးရောက် ရခိုင်လူမျိုးများ၏ဖြစ်စဉ် ထူးခြားမှုများမရှိခြင်းတို့ကြောင့် ဗြိတိသျှခေတ်နှင့် တဆက်တည်း ထည့်သွင်းတင်ပြထားပါသည်။
နောက်ဆက်တွဲတွင် ခေတ်အဆက်ဆက် ရခိုင်ဘုရင်ပိုင်နက်များကို ထင်ဟပ်ဖော်ပြသည့် မြေပုံများ၊ စစ်တကောင်းဒေသရှိ အဝေးရောက်ရခိုင်လူမျိုးများ၏ ထောင်ဖွဲ့စည်းပုံပြမြေပုံ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်း အဝေးရောက်ရခိုင်လူမျိုးများ ပျံ့နှံ့နေထိုင်ပုံပြမြေပုံတို့ကို ဖော်ပြထားပါသည်။ အဝေးရောက်ရခိုင်လူမျိုးများ၏ ဖြစ်စဉ်ကို တင်ပြရာတွင် ပါဝင်ခဲ့သည့် ပြင်ပနိုင်ငံများရှိ အချို့ဒေသများ၏ ပထဝီအနေအထားကို ပိုမိုပီပြင်စွာ သိမြင်နိုင်စေရန်လည်း ဘင်္ဂလားဒေ့ခ်ျ ပြည်သူ့သမ္မတနိုင်ငံမြေပုံနှင့် အိန္ဒိယသမ္မတနိုင်ငံမြေပုံတို့ကိုလည်း ဖော်ပြထားပါသည်။ ဤစာတမ်းတွင် တင်ပြထားသည့် အဝေးရောက် ရခိုင်လူမျိုးများ၏ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ရေးဆွဲထားသည့် မြေပုံကိုလည်း ဖော်ပြထားပါသည်။