အိမ်ကိုဆွဲ၍ မကျွတ်လွတ်သူနှင့် ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုများ

ဇော်မင်းအောင်

800 Kyats ကျပ်
ချောက်ချောက်ချားချား ပရလောက နောက်ခံ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကိုမှ ဖတ်ချင်သူတွေအတွက် ဆရာဇော်မင်းအောင်ရဲ့ လက်ရာ၊ တစ္ဆေသရဲ ဝတ္ထုတိုတွေက စာဖတ်သူတွေကို တစ်ပုဒ်နဲ့ တစ်ပုဒ် မတူညီတဲ့ အရသာတွေ ပေးစွမ်းမှာ အမှန်ပါပဲ။ လောကမှာ မြင်ရ တွေ့ရတဲ့ အရာတွေ ရှိသလို မမြင်မတွေ့ရပေမဲ့ မရှိဘူး၊ မယုံဘူးလို့ ငြင်းဆန်မရတဲ့ ဆန်းကြယ်နက်နဲမှု၊ အခြားလောကသား ပုဂ္ဂိုလ်တွေနဲ့ သူတို့အကြားက ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တွေ ရှိတတ်တာကို ဒီဝတ္ထုတိုတွေမှာ ဖတ်ရှုကြရမှာပါ။ စာမြည်း။ ။ “ငါ့များ ဘာမှတ်နေကြသလဲကွ၊ ဟေ။ ငါနေတဲ့ အရပ်က နင်တို့ ရပ်ကွက်နဲ့ ကပ်လျက်ရှိတဲ့ သင်္ချိုင်းဟောင်းကြီးပဲ။ ငါ သရဲဖြစ်တဲ့ သက်တမ်းကပဲ မင်းတို့ တစ်သက်လောက် ရှိလို့မှ အစွယ်တွေတောင် တစ်ထွာလောက် ရှည်ထွက်နေပြီ။ ဒါကိုမှ ငါ့များ မလောက်လေး မလောက်စား ဆရာတွေနဲ့ ပညာစမ်းရဲကြသပေါ့လေ၊ ဟုတ်လား ...”