သရဲများနှင့် သတ်ပုတ်သူ

ဇော်မင်းအောင်

800 Kyats ကျပ်
ည ည တွေမှာဆိုရင် သူငယ်ချင်းတွေနဲ့ ဝိုင်းစုဖွဲ့ထိုင်ပြီး သရဲတစ္ဆေအကြောင်း ပြောဖူးကြတဲ့ စာချစ်သူတွေရှိမယ်ဆိုရင် ဒီစာအုပ်ဟာ အဲ့အမှတ်တရတွေကို ပြန်ခံစားမိစေမယ့် စာအုပ်တစ်အုပ်လို့ ဆိုပါရစေ။ ဒီစာအုပ်ထဲမှာ သရဲများနှင့် သတ်ပုတ်သူ၊ ဟိုတယ်ပေါ်ကတစ္ဆေ၊ ကွင်းပိုင်သဘက်ကြီး၊ တစ်ခါက ကျောက်မှော်ည ဆိုပြီး ဖြစ်ရပ်မှန် ပရဆန်းကြယ် ဝတ္ထုလေးပုဒ်ပါပါတယ်။ သုံးဆယ်မြို့မှာ သရဲတွေနဲ့ ရဲရဲဝံ့ဝံ့သတ်ပုတ်သူ သုံးဆယ်မြို့က ကရင်လူမျိုး လက်ဝှေ့ကျော် မောင်လှစိုး၊ ဆရာဇော်မင်းအောင်တို့ သူငယ်ချင်းတစ်စု ဟိုတယ်ပေါ်မှာ ဖဲသွားရိုက်ကြရင်း ကြုံခဲ့ရတဲ့ တစ္ဆေမလေးရဲ့ ချောက်ချားဖွယ်ရာ ခြောက်လှန့်မှု၊ ဘဝမကူးခင်လေးမှာ မိတ်ဆွေဖြစ်သူကို ဝိညာဉ်အဖြစ်နဲ့ လာရောက်နှုတ်ဆက်တဲ့ ချင်းတွင်းမြစ်နံဘေး ကျောက်မှော်ရွာက ဆန်းကြယ်တဲ့ အဖြစ်အပျက် စတဲ့ ဖြစ်ရပ်မှန်ဝတ္ထုတိုလေးတွေကို စာချစ်သူဖတ်မိတယ်ဆိုရင်ပဲ ဘေးကနေ သူငယ်ချင်းတစ်ယောက်ယောက်က ထိုင်ပြောပြနေသလို သည်းထိတ်ရင်ဖို ခံစားရစေမှာပါ။