မကျွတ်မလွတ်သူများနှင့် တွေ့ဆုံခြင်း

ဇော်မင်းအောင်

800 Kyats ကျပ်
ပရလောကနောက်ခံ ဝတ္ထုဇာတ်လမ်းတွေက တကယ်ကောင်းပြီဆိုရင် စာအရေးအသားကို ဖတ်ရင်းနဲ့ ကြက်သီးမွေးညင်းတွေ ထောင်ထလာပြီး ကိုယ့်နောက်မှာပဲ တစ်စုံတစ်ယောက် ရောက်နေသလိုလို၊ ကိုယ့်ကုတင်အောက်မှာပဲ တစ်ဦးဦးက တစ်ခုခုကို ကုတ်ခြစ်နေသလိုလို၊ ကိုယ့်ခေါင်းပေါ်ကနေပဲ တစ်ယောက်ယောက်က ကိုယ့်ကို ငုံ့ကြည့်နေသလိုလို၊ စိတ်ချောက်ချားမှုတွေ ခံစားရတာမျိုးပါ။ ဇာတ်လမ်းကို ဖတ်ရင်းဖတ်ရင်း ကြက်သီးတဖြန်းဖြန်းနဲ့ ကျောချမ်းရင်တုန်လို့ ကြောက်မက်ထိတ်လန့်ရတဲ့ ရသကိုပဲ အရသာတစ်ခုလို ခံစားချင်ကြပါသလား ? စာချစ်သူအနေနဲ့ တကယ်လို့များ မကျွတ်မလွတ်သေးတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲ ? ဒါမှမဟုတ် သင်ကိုယ်တိုင် မကျွတ်မလွတ်သေးတဲ့ ပရလောကသားတစ်ယောက် ဖြစ်သွားခဲ့မယ်ဆိုရင် ဘယ်လို ဖြစ်မှာလဲ ? သိချင်တယ် ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ ဒီဝတ္ထုတိုတွေက သင့်ကို ကြက်သီးထ ကျောချမ်းပြီး ထိတ်လန့်ရတဲ့ အရသာကို ပေးသွားမှာပါ။