အာခီတက်နှင့် သူ၏အာခီတက်ချာ

ဇော်ကိုကို(ဗိသုကာ)

600 Kyats ကျပ်
မြန်မာနိုင်ငံမှာ ဗိသုကာပညာရပ်နဲ့ ပတ်သက်ပြီး ပညာပိုင်းအရထက် စာဖတ်သူအားလုံး နားလည်လွယ်အောင် ရေးသားပြုစုထားတဲ့ စာအုပ်မျိုး ရှားပါးပါတယ်။ ရှိတဲ့ စာအုပ်တွေကို ရေးသူတွေကလည်း ဗိသုကာပညာရှင်တွေပါပဲ။ ဒါပေမဲ့ ဒီပညာရပ်နဲ့ သက်ဆိုင်တဲ့ စာပေ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကလည်း ထွက်ရှိမှု အားနည်းပါတယ်။ ဒီစာအုပ်ကို ရေးသားတဲ့ ဆရာဇော်ကိုကိုဟာလည်း ဗိသုကာပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာဇော်ကိုကိုက ဗိသုကာပညာရပ်ထက် ဗိသုကာပညာရှင်တွေအကြောင်းကို အလေးပေး ရေးသားထားတာကို တွေ့ရမှာပါ။ ဆရာဇော်ကိုကိုက ဒီစာအုပ်မှာ ဗိသုကာကြီးတွေထဲက ဆရာကြီး၊ ဆရာမကြီး (၁၀)ဦးကို ရွေးထုတ်ရေးသားထားပါတယ်။ ဒီဗိသုကာကြီးတွေရဲ့ အသေးစိတ် အကြောင်းအရာ၊ အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး ရုပ်ပုံကားချပ်တွေနဲ့အတူ ပူးတွဲဖော်ပြထားတာမို့ ဗိသုကာကြီး တစ်ဦးချင်းစီးရဲ့ စွမ်းဆောင်ချက်တွေကို သိရှိရမှာပါ။ ဒါ့အပြင် ဗိသုကာပညာရပ်အတွက် တစ်တပ်တစ်အား ဖြစ်စေမယ့် စာအုပ်တစ်အုပ်ဖြစ်သလို ဗိသုကာပညာသင်တွေအတွက်လည်း သိမှတ်ဖွယ်ရာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဗိသုကာပညာနဲ့ ဗိသုကာပညာရှင်တွေအကြောင်းကို လေ့လာကြည့်ပါ မိတ်ဆွေ။