အောင်မြတ်သာနှင့် သွေးမျက်ရည်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာနဲ့ သက်ခိုင်တို့ ဆရာတပည့် ဆရာတော်တစ်ပါး မိန့်မှာခဲ့တဲ့ ရွာကလေးဆီ ခရီး ဆက်ထွက်လာခဲ့ကြပါတယ်။ ရွာကလေးနာမည်က လက်ပံတောရွာတဲ့။ ရွာထဲ ဝင်ဝင်ချင်းမှာပဲ ထူးဆန်းမှုနဲ့ စကြုံရပါတော့တယ်။ ကြုံရတဲ့ ပြဿနာကို အောင်မြတ်သာက ရှင်းပြီးတာနဲ့ ရွာလူကြီးအိမ်ရှိရာ ဆက်သွားကြတယ်။ ရွာလူကြီးရဲ့ သမီးလေးမှာ ပူးကပ်နေတဲ့ နာနာဘာဝ ဝိညာဉ်ကောင်ကို အောင်မြတ်သာတို့ ဘယ်လို နှိမ်နှင်းမလဲ၊ ဒီနာနာဘာဝက ဘာကြောင့် ရွာလူကြီးရဲ့ သမီးလေး ကိုယ်ထဲ တွယ်ကပ်နေရတာလဲ၊ ဒီနောက်ကွယ်မှာ မှုခင်းဆန်ဆန် ဖြစ်ရပ်တွေ၊ ရက်စက်တဲ့ လူသတ်မှုတွေ၊ သွေးပျက်စရာကောင်းတဲ့ အောက်လမ်းပညာရပ်တွေနဲ့အတူ အငြိုးအတေး၊ ကလဲ့စား စတဲ့ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစား ဖတ်ရှုကြရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။