အောင်မြတ်သာနှင့် လေးကျွန်းဘုရား

ဇယေန(ရာမည)

200 Kyats ကျပ်
ဒီတစ်ပတ်မှာတော့ အောင်မြတ်သာတို့ ဆရာတပည့်တွေက ပဲခူးရိုးမ တောနက်ထဲမှာ ကိန်းဝပ်စံပယ်နေတဲ့ ဘုရားဆင်းတုတော်ကို ရှာဖွေကြတဲ့ ခရီးစဉ်အကြောင်း ဖတ်ရှုရမှာပါ။ တောနက်ထဲက ဝတ်ဖြူစင်ကြယ်ဝတ် အဘိုးအို ပေးတဲ့ လက်ဆောင် ကြောင်မျက်ရှင်ကို ငြင်းပြီး ခုနစ်ရက်သားသမီးတွေ ကုသိုလ်ထူး အကျိုးရှိစေမယ့် ဆင်းတုတော်ကိုသာ အာရုံထားတဲ့ အောင်မြတ်သာတို့ ဆရာတပည့်တွေဟာ တောစောင့်နတ်တွေရဲ့ ပညာစမ်းပွဲ၊ သိင်္ခနဲ့ သိက္ခ ဘီလူးညီနောင်ရဲ့ အနှောင့်အယှက်၊ တောစောင့်ဇော်ဂျီနဲ့ အောင်မြတ်သာရဲ့ ကစားပွဲ၊ စတဲ့ စတဲ့ အခက်အခဲတွေကို ဘယ်လို ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ယူပြီး လေးကျွန်းဘုရားကို ပင့်ဆောင်ပူဇော်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါရဲ့နော်။ တန်ခိုးကြီးလွန်းလှတဲ့ လေးကျွန်းဘုရား ရှာပုံတော်က စာချစ်သူတွေကို အစကနေ အဆုံးတိုင် လက်ကမချနိုင်အောင် ဆွဲဆောင်သွားမှာ သေချာပါတယ်။ ကဲ ... ဖတ်ရှုခံစားကြပါစို့။