အောင်မြတ်သာနှင့် ရေကန်စောင့်မောင်နှမ

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာတို့ ဆရာတပည့်နှစ်ယောက် အရပ်တကာလှည့်လည်ပြီး ကယ်တင်ထိုက်သူတွေကို ကယ်တင်နေကြတယ်ဆိုတာ သိပြီးလောက်ရောပေါ့။ ဒီတစ်ခါ သူတို့ဆရာတပည့်တွေ ဇင်းကျိုက်ကိုသွားတဲ့လမ်း ထန်းခေါက်ကုန်းရွာရောက်တော့ ကယ်တင်စရာလူတွေတွေ့ခဲ့တယ်။ အဲဒီရွာကလူတွေ ဒုက္ခရောက်နေကြတာက ရွာအဝင်မှာရှိတဲ့ ရေကန်ကြောင့်။ ရေကန်ကအစောင့်တွေက ဘယ်လောက်အထိ ဆိုးသလဲဆိုရင် ဘုရားတည်ဖို့တောင် ခွင့်မပြုဘူး။ ရေကန်မှာ သူတို့မကြိုက်တာ လုပ်တဲ့လူဆိုရင် ဝင်ပူးပြီး ဒုက္ခမျိုးစုံပေးတယ်။ အဲဒီရေကန်ကိုစောင့်တာက မောင်နှမနှစ်ယောက်တဲ့။ ဒီလိုဆိုးသွမ်းတဲ့ အစောင့်အရှောက်တွေကို အောင်မြတ်သာတို့ ဘယ်လိုဆုံးမမလဲဆိုတာ ဖတ်သာကြည့်တော့ဗျို့!