အောင်မြတ်သာနှင့် ဝမ်းတွင်းစုန်း

ဇယေန(ရာမည)

200 Kyats ကျပ်
ယခင်တစ်ပတ်ကတော့ အောင်မြတ်သာတို့ ဆရာတပည့်နှစ်ယောက် ဘုရား (၃၃) ဆူလှိုဏ်ဂူက ရတနာတွေကို အများအကျိုး ရွက်သယ်ပိုးဖို့ သွားရောက်ဆောင်ယူခဲ့ကြပုံကို ဖတ်ရှုခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ အောင်မြတ်သာတို့ရဲ့ နောက်ထပ် ဆန်းကြယ်တဲ့ ဘယ်လို ဖြစ်ရပ်တွေနဲ့ ထပ်ကြုံရမလဲဆိုတာ စိတ်ဝင်စားနေကြမှာပဲ။ မှန်ပါတယ်။ ဘုရား (၃၃) ဆူကနေ ထွက်လာကြတဲ့ အောင်မြတ်သာတို့ ဆရာတပည့်ကို လက်နက်ကိုင် ခေါင်းဆောင်က အကူအညီတစ်ခု တောင်းခဲ့ပါတယ်။ ခေါင်းဆောင်ရဲ့ မိန်းမက သာမန်မိန်းမ မဟုတ်ဘူး။ ပညာသည် မိန်းမတစ်ယောက်ပဲ ဖြစ်တယ်။ ပညာသည် ဆိုတာကိုမှ ဝမ်းတွင်းစုန်း တစ်ယောက်။ ပညာသည် ဝမ်းတွင်းစုန်းနဲ့ အောင်မြတ်သာတို့ ပညာပြိုင်ခန်းဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘယ်လို ပညာပြိုင်ကြမလဲ၊ ဘယ်လို ယှဉ်ကြမလဲ၊ ဖတ်ရှုကြည့်ပါဦးခင်ဗျ။