အောင်မြတ်သာနှင့် ဘုန်းကြီးတစ္ဆေ

ဇယေန(ရာမည)

200 Kyats ကျပ်
တန်ခိုးကြီးတော်မူလှတဲ့ လေးကျွန်းဘုရားကို အခက်အခဲ အဟန့်အတား အမျိုးမျိုးကြားကနေ မရရအောင် ပင့်ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ အောင်မြတ်သာတို့ ဆရာတပည့်တွေဟာ နာဂဝီသတောင်တန်းတွေ ရှိရာဆီ ခရီးဆက်ခဲ့ကြပြန်ပါတယ်။ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်အတိုင်း ရစ်ခွေနေတဲ့ တောင်ကြော တောင်တန်းကြီးတွေပေါ်မှာ စေတီပုထိုး၊ ကျောင်းသင်္ခမ်းတွေက သူ့နေရာနဲ့သူ အပြည့်ပါပဲ။ နာဂဝီသ တောင်ကြောပေါ် စရောက်ကတည်းက အနှောက်အယှက်တွေကို စတင်ကြုံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)လောက်က အသတ်ခံခဲ့ရပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ တောပုန်းဓားပြသရဲ၊ ပုဏ္ဏကအတိုက်ခံထားရတဲ့ စိတ္တသုခကျောင်းတော်၊ လူအရိုးထမ်းထားတဲ့ ကျောင်းစောင့်မိစ္ဆာ၊ ကျင့်စဉ်တစ်ခုရဲ့ အမှားအယွင်းကြောင့် မကျွတ်မလွတ်ဘဲ လာသမျှ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တွေကို ခြောက်လှန့်ဒုက္ခပေးနေတဲ့ ဘုန်းကြီးတစ္ဆေဦးလာဘ စတဲ့ စတဲ့ မကောင်းဆိုးဝါးတွေကို အောင်မြတ်သာတစ်ယောက် ဘယ်လို နှိမ်နှင်းမလဲဆိုတာကတော့ 'အောင်မြတ်သာနှင့် ဘုန်းကြီးတစ္ဆေ' ဆိုတဲ့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။