အောင်မြတ်သာနှင့် နတ်ရှင်စော

ဇယေန(ရာမည)

200 Kyats ကျပ်
...ပုဂံခေတ်၊ အနော်ရထာမင်းစော နန်းတက်ပြီးချိန်ကာလမှာ၊ ပုဂံပြည်ကို အရည်းကြီးသာသနာ ဝါးမျိုခဲ့ပါတယ်။ ဒီစနစ်ဆိုးကြီးကို အနော်ရထာမင်းနဲ့အတူ သူ့ရဲ့ တပ်မင်းစစ်မှူးတွေဖြစ်တဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်နဲ့ ညောင်ဦးဖီးတို့ ဦးဆောင်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် တွန်းလှန်ဖယ်ရှားခဲ့ကြပါတယ်။ အဲဒီ တော်လှန်ရေးမှာ တပ်မင်းငထွေရူးရဲ့ တပ်စုက တပ်မှူးလေး ရှင်စောလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အနော်ရထာမင်းစောရဲ့ တူရွင်းတော် စေတီတည်မှုအရေးမှာ သေရည်သောက်ကြူးပြီး ပျက်ကွက်ခဲ့တဲ့ တပ်မှူးရှင်စောကို တောင်စွယ်နေကွယ်ချိန်မှာ ကွပ်မျက်စေခဲ့ပါတယ်။ သေရည်မူးတဲ့အမှားကြောင့် တာဝန်ပျက်ကွက်ခဲ့တဲ့ တပ်မှူးရှင်စောဟာ ပူးဝင်ကိုယ်ထင်ပြလို့ နတ်စိမ်းဘဝနဲ့ တာဝန်ဆက်ထမ်းပါရစေလို့ အနော်ရထာမင်းထံ ခွင့်တောင်းခဲ့တာမို့ မင်းတရားဟာ နတ်ရှင်စောကို တူရွင်းတောင်ကြော အပိုင်စားပေးခဲ့ပါတယ်။ သေသောက်ကြူးလို့ အသတ်ခံရပြီး နတ်စိမ်းဖြစ်ခဲ့တဲ့ နတ်ရှင်စောဟာ သေရည်ကိုသာ စွဲလမ်းပြီး တရားဓမ္မကို မနှစ်မြို့တာမို့ တူရွင်းတောင်မှာ တရားလာအားထုတ်တဲ့ ရသေ့ကြီးတစ်ပါးကို ဒုက္ခလှလှပေးခဲ့ပါတော့တယ်။ သူတော်ကောင်းတွေကို အဲဒီလို ဒုက္ခပေးနေတဲ့ နတ်ရှင်စောနဲ့ လောကီလမ်းပေါ်က အောင်မြတ်သာတို့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ဘယ်လို အားပြိုင်မှုတွေ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။