အောင်မြတ်သာနှင့် ဇင်းကျိုက်အဓိဋ္ဌာန်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာတို့ ဆရာတပည့်နှစ်ယောက် ထန်းခေါက်ကုန်းရွာက ရေကန်စောင့်မောင်နှမကို ဆုံးမ၊ ကယ်တင်ထိုက်သူတွေကို ကယ်တင်ခဲ့ပြီးလို့ ဇင်းကျိုက်ကို ခရီးဆက်ကြတယ်။ သူတို့ဆရာတပည့်တွေ ဇင်းကျိုက်ကိုသွားရတဲ့ ရည်ရွယ်ချက်က အဓိဌာန်ဝင်ဖို့ပါ။ ဇင်းကျိုက်တောင်ဆိုတာ နတ်ကြီးတယ်၊ နဂါးသိုက်တွေရှိတဲ့နေရာလေ။ ဘယ်နေရာဖြစ်ဖြစ် ကောင်းတာလုပ်ရင် အနှောက်အယှက်တစ်မျိုးမဟုတ် တစ်မျိုးတော့ ကြုံရတတ်တာပဲ။ ဒီတော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် အဓိဌာန်ဝင်နေတုန်း ဘယ်လိုအနှောက်အယှက်တွေ ဝင်လာမလဲ၊ ဘယ်လိုလူတွေကို ကယ်တင်ရမလဲဆိုတာ သူတို့နဲ့အတူ ရင်ဆိုင်လိုက်ရအောင်!