အောင်မြတ်သာနှင့် အောက်လမ်းဆရာယက္ခ

ဇယေန(ရာမည)

200 Kyats ကျပ်
လူမသိ သူမသိ၊ လူမရောက် သူမရောက်တဲ့ တောနက်တစ်နေရာမှာ ခိုအောင်းနေတယ် ဆိုတဲ့ အောက်လမ်းဆရာယက္ခကို ရှာဖွေဖို့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ခရီးထွက်ခဲ့ပုံနဲ့ ဇာတ်လမ်းစထားတဲ့ ဆရာဇေယန(ရာမည) ရဲ့ နောက်ထပ် အောင်မြတ်သာဝတ္ထုတစ်ပုဒ်ပါ။ တောအမည်က သစ်ကျုတ်တောတဲ့။ ဒီတောကြီးက တောနက်တယ်။ သားရဲတွေလည်း ပေါတယ်။ တောအကြောင်း မသိကြတဲ့ အောင်မြတ်သာတို့အဖို့မှာ နေဝင်ချိန်မှ တောစပ်ကို ရောက်သွားတာမို့ ညအချိန်ကြီး တောထဲဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် တောစပ်က သစ်လုံးအိမ်လေးတစ်လုံးမှာ တစ်ညတာ တည်းခိုကြရပါတယ်။ ညအချိန်မှာ အောင်မြတ်သာဆီ ရောက်လာတာကတော့ ထူးဆန်းတယ်။ တောကျွဲရိုင်းကို စီးလာတဲ့ အဘိုးအိုတစ်ယောက်ပဲ။ သစ်ကနက်ပင်မှာ နေထိုင်တဲ့ ဖိုးအောင်လံဆိုတဲ့ လူထူးဆန်းတစ်ဦးပေါ့။ ကဲ … ဒီဇာတ်လမ်းမှာတော့ ဇာတ်ကောင်တွေ အတော်စုံပါတယ်။ ဖိုးအောင်လံလို စီးတော်ကျွဲနဲ့ လူထူးဆန်းရယ်၊ ကြောင်နက်မှော်အောင်ထားတဲ့ ငနက်ကျော်ရယ်၊ အောင်မြတ်သာတို့ ဆရာတပည့်ရယ်၊ အောက်လမ်းဆရာယက္ခရယ်၊ ဘယ်လို ချိတ်ဆက်ပတ်သက်ပြီး ဘယ်လို ထူးခြားဖြစ်စဉ်တွေကို ကြုံတွေ့ကြရမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဒီလို အံ့သြစရာ၊ စိတ်ဝင်စားစရာ၊ အံ့အားသင့်စရာ၊ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ရောပြွန်းနေတဲ့ ဒီဝတ္ထုလေးကိုတော့ စာချစ်သူတို့ သဘောတွေ့ကြဦးမှာ သေချာပါတယ်။ ဖတ်ကြည့်ကြပါဦးနော်။