အောင်မြတ်သာနှင့်အသူရကာယ်ဘုံ

ဇယေန(ရာမည)

200 Kyats ကျပ်
သေပြီးသူတွေသာ ဝင်ခွင့်ရှိတယ်ဆိုတဲ့ မဉ္ဇူသကနတ်ရွာ။ ဒီနတ်ရွာထဲက သိုက်မှာ နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားကို လှူဒါန်းဖို့ ရတနာပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့ အောင်မြတ်သာရဲ့ ဘဝဟောင်းက အစ်ကိုတော် ရှင်သိဒ္ဓိ ရှိနေပါတယ်။ အောင်မြတ်သာဟာ သာသနာအတွက် စောင့်ကြပ်နေရတဲ့ အစ်ကိုတော်ကို အသိစိတ်ပြန်ဝင်အောင် ကူညီဖို့၊ သတိပေးဖို့ နတ်ရွာကို ရောက်လာခဲ့တဲ့အခါ … ဘဝဟောင်းက စင်္ကြမင်းသားဖြစ်ခဲ့တဲ့ အောင်မြတ်သာနဲ့ အစ်ကိုတော် ရှင်သိဒ္ဓိတို့ရဲ့ အတိတ်ခရီး အဖြစ်အပျက်တွေ၊ ချောက်ချားစရာ၊ သနားစရာကောင်းတဲ့ နေ့စံညခံ ဝေမာနိက ပြိတ္တာဘုံက အသူရကာယ်ဘုံသားတွေ၊ စတဲ့ စတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို ဖတ်ကြရမှာပါ။ ဒါ့အပြင် ဘဝဟောင်းက စင်္ကြမင်းသားလေးရဲ့ ဖြစ်စဉ်တွေကလည်း အံ့သြထိတ်လန့်စရာပါပဲ။ စင်္ကြမင်းသားလေး ဖွားမြင်တဲ့အချိန်၊ မင်းသားလေးရဲ့ နဖူးအလယ်မှာ လေးထောင့်ပုံသဏ္ဌာန် အင်းစမက မွေးရာပါ ပါလာခဲ့သလို ဒီသင်္ကေတကို ဟူးရားဖြူ၊ ဟူးရာညိုတွေက တွက်ချက်ဟောထုတ်တဲ့အခါမှာတော့ မင်းသားလေးရဲ့ ဇာတာက လမ်းကြောင်းနှစ်ခု ဖြစ်နေတာကို သိကြရပါတယ်။ မင်းသားလေး အရွယ်ရောက်လာတဲ့အခါ ဘုန်းတန်ခိုးတေဇော် အာနုဘော် ကြီးမားလွန်းလို့ အတိုင်းတိုင်းအပြည်ပြည်က ဦးမော်မကြည့်ဝံ့တဲ့ ဘုန်းရှင်ကံရှင် မင်းတစ်ပါး ဖြစ်နိုင်သလို အသက် (၃၀) မပြည့်ခင်မှာ သူတစ်ပါးလက်ချက်နဲ့ အကောက်ကြံ ကံတော်ကုန်ရမယ့် လက္ခဏာကိုလည်း တွေ့ကြရကြောင်း နိမိတ်ဖတ်ကြပါတယ်။ ဒီတော့ အောင်မြတ်သာရဲ့ ဘဝဟောင်းနဲ့ ဝေမာနိက ပြိတ္တာဘုံတို့ ဘယ်လို ဆက်စပ်ပတ်သက်လာမလဲ၊ ဒီကိစ္စကို အောင်မြတ်သာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။