အောင်မြတ်သာနှင့် အင်းပိုင်ကြီး ဘထွန်း

ဇယေန(ရာမည)

200 Kyats ကျပ်
ပိုင်ရှင်ရှိတဲ့ အင်းဆိုတာ အင်းဖွင့်ပွဲနေ့ တစ်နေ့အတွင်း ဘယ်သူမဆို ငါးဖမ်းခွင့် ရှိပါတယ်။ ဒါပေမဲ့ တစ်ရက်ပါပဲ။ နောက်ရက်တွေမှာ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ငါးသွားဖမ်းရင်တော့ ဖမ်းတဲ့သူ အသေဆိုးနဲ့ သေပြီသာ မှတ်ပဲ။ ခလောက်အင်းရဲ့ ဖွင့်ပွဲနေ့မှာ ငါးဖမ်းသမားတွေနဲ့ စည်ကားနေတယ်။ အဲဒီနေ့မှာပဲ အောင်မြတ်သာနဲ့ တပည့်ကျော်တွေ ခလောက်အင်းဘက် ရောက်လာခဲ့ကြပါတယ်။ သူတို့ ရောက်လာကြတာက ခရီးသွားဟန်လွဲ မဟုတ်ဘူး။ အစီအရင်တစ်ခုအတွက် အချိန်ကိုက် ရောက်လာကြတာပဲ ဖြစ်ပါတယ်။ အင်းပိုင်ကြီးကို အစာကျွေးပြီးလို့ လူတွေအားလုံး ပြန်သွားတဲ့အချိန်မှာ သူတို့ရဲ့ အစီအရင်ကို ပြုလုပ်ကြမှာပါ။ ကဲ … အဲဒီည (၁၂) နာရီအချိန်မှာ အောင်မြတ်သာတို့နဲ့ အင်းပိုင်ကြီးဘထွန်း ဘယ်လို ထိပ်တိုက်တွေ့ပြီး ဘယ်လို ပညာပြိုင်ကြမလဲဆိုတာကိုတော့ ‘အောင်မြတ်သာနှင့် အင်းပိုင်ကြီးဘထွန်း’ ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာ စာချစ်သူတို့ကိုယ်တိုင် ခံစားဖတ်ရှုကြည့်လိုက်ပါနော်။