အောင်မြတ်သာနှင့် ပဲခင်းစောင့် သရဲ

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာတို့ ဆရာတပည့်တွေဟာ ဘကျော်တို့အိမ်မှာ တည်းခိုကြတုန်း ဖြေရှင်းပေးရမယ့် ပြဿနာတစ်ခုကို ကြုံကြရပြန်ပါတယ်။ ပြဿနာကတော့ ဘကျော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ပဲ။ ဘကျော်ဟာ ရွာက ဦးကုလားဆိုတဲ့ လူကြီးရဲ့ ခြံထဲမှာ ဘဲတစ်ကောင် သွားခိုးတဲ့ ညပေါ့။ ဦးကုလားက ဘဲတင်မကဘဲ ကြက်၊ ဝက်၊ နွား၊ သတ္တဝါအစုံ မွေးထားတဲ့သူ။ ဒါတင်ဘယ်ကဦးမလဲ၊ သူမွေးထားတဲ့ သတ္တဝါတွေကို စောင့်ဖို့အတွက် မကောင်းဆိုးရွားပါ မွေးထားပါသတဲ့။ ဒါကို ဘဲခိုးတဲ့ ဘကျော် ကိုယ်တွေ့ကြုံခဲ့ရတာ။ ဦးကုလားက ရွာက လူတွေဆီကနေ လယ်သိမ်း၊ မြေသိမ်း၊ ငွေတိုးချေးပြီး မတရားသဖြင့် စီးပွားဖြစ်နေသူ။ ဦးကုလားနဲ့ အောင်မြတ်သာတို့ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ကြတဲ့အခါ ဘယ်လို စိတ်ဝင်စားစရာတွေ ဖြစ်လာမလဲဆိုတာတော့ …