အောင်မြတ်သာနှင့် ဆီးပင်စောင့် ရုက္ခတ်စိုး

ဇယေန( ရာမည)

200 Kyats ကျပ်
✨ ဆရာတု၊ ဆရာယောင်ဆိုတာ ခွဲခြားရ ခက်ပါတယ်။ တကယ်ရိုးသားသလိုလိုနဲ့ လူတွေကို လိမ်စားနေကြတဲ့သူတွေ။ အခုလည်း ဇီးပင်ကြီးရွာမှာ ဆရာတစ်ယောက် အုပ်စိုးနေလေရဲ့။ ရွာသားတွေက ရိုးသားတော့ ဆရာတု၊ ဆရာယောင်မှန်းမသိ။ လေးစား အားထားကြတာပေါ့။ သူယုတ်မာရှိရင် သူတော်ကောင်းရှိတာ ထုံးစံပဲလေ။ တစ်နေ့တော့ ဆရာတုကို ဆုံးမဖို့ သူတော်ကောင်းသုံးယောက် ရွာကိုရောက် လာခဲ့တယ်။ အဲဒီလူတွေက အောင်မြတ်သာတို့ ဆရာတပည့် သုံးယောက်ပေါ့။ ဒီစာအုပ်ထဲမှာ ဆရာအောင်မြတ်သာက ပွဲကြမ်းတာမဟုတ်ပဲ။ မြတ်ခိုင်က ပွဲကြမ်းတာ။ မြတ်ခိုင်တစ်ယောက် ဘယ်လိုပညာ တွေနဲ့ ဘယ်လိုပွဲကြမ်းမလဲဆိုတာကိုတော့ စာအုပ်ထဲမှာပဲ ဆက်ဖတ်လိုက်ကြပါဦးနော် ...