အောင်မြတ်သာနှင့် တတိယမျက်လုံး

ဇယေန(ရာမည)

200 Kyats ကျပ်
... "တတိယ မျက်လုံး ကျင့်စဉ် အောင်မြင်သွားရင် ဘာဖြစ်မလဲ ဆရာ" "တတိယ မျက်လုံး ကျင့်စဉ် အောင်မြင်ရင် ဘာဖြစ်မှာလဲ ဆိုတော့ စိတ်တွေ တည်ငြိမ်လာမယ် အပူသောကတွေ ဖြစ်လာရင် စိတ်ကို… လျင်လျင်မြန်မြန် ထိန်းချုပ် လာစေနိုင်တယ် ဒီထက် ပိုလာရင်တော့ အကြားအမြင်တွေ ရလာမယ်ကို သိချင်တဲ့ အကြောင်းတွေကို … အာရုံမှာ တွေးလိုက်တာနဲ့ ပေါ်လာလိမ့်မယ် မင်းတို့ စိတ်တန်ခိုး စွမ်းအင်တွေ ရလာရင် သိလာလိမ့်မယ် စကျင့်တော့ ငါလည်း ဘုရားရှိခိုး … တရားထိုင်ဦးမယ်" လို့ပြောပြီး ထွက်သွားတယ်။ သက်ခိုင်နဲ့ တောက်ရလည်း ကျင့်စဉ်စဖို့ နေရာရွေးပြီး စကျင့်ခဲ့တယ်။ သက်ခိုင်ကတော့ သမာဓိကို အလေ့အကျင့်ရှိသူ ဖြစ်တဲ့အတွက် အစပိုင်းမှာ စိတ်နည်းနည်း လွင့်နေပေမဲ့ တဖြည်းဖြည်း စိတ်က တည်ငြိမ်လာခဲ့တယ်။ စိတ်ကိုမျက်လုံး နှစ်လုံးကြားထဲက နေရာကိုပို့ပြီး ပါးစပ်မှ ဉုံဆိုတဲ့အသံကို ဆွဲကာ ရွတ်နေခဲ့တယ်။ တောက်ရကတော့ မျက်လုံး စမှိတ်လိုက်တာနဲ့ အရင်ဆုံး မြင်လိုက်ရတာက မြွေတွေ သူဖမ်းခဲ့တဲ့မြွေတွေက သူ့ဆီကို ပေါက်သတ်မလို့ ပြေးဝင် လာကြတာကို မြင်နေရတယ် တောက်ရ ကြောက်လန့်တကြား မျက်လုံး ဖွင့်ကြည့်လိုက်တော့ ဘာမှမရှိ။ သူ့စိတ်က သူ့ကို ပြန်ခြောက်နေခဲ့တယ်။ တစ်ညလုံး တောက်ရ ကောင်းကောင်း မကျင့်ခဲ့ရ။ မနက်ကျတော့ အောင်မြတ်သာက "သက်ခိုင်နဲ့တောက်ရ ညက လေ့ကျင့်တာ ဘယ်လိုနေလဲ" လို့မေးတော့ သက်ခိုင်က "စိတ်တွေ တည်ငြိမ်လာတယ် ဆရာ အစပိုင်းမှာ အမြင်တွေက မြင်နေပေမဲ့ အချိန် ကြာလာတာနဲ့အမျှ စိတ်က မျက်လုံးနှစ်လုံး အလယ်မှာ ငြိမ်လာတယ် အလုံး သေးသေးလေး တစ်လုံးက အလယ်မှာ လျှောက်ပြေးနေတယ် ဆရာ သူ့ကို ထိန်းဖို့တော့ ကြိုးစားနေတုန်းပဲ ဒီညမှာတော့ အဲဒီလောက်ပဲ ခံစားမိတယ်" လို့ ပြောတော့ အောင်မြတ်သာက ခေါင်းညိတ်ပြီး "ဆက်လေ့ကျင့်ပါ ဒီပုံစံဆို အောင်မြင်လိမ့်မယ်" လို့ ပြောလိုက်တယ်။