ချစ်ရပါသော ဆောင်းည

ဆောင်းနေခြည်

600 Kyats ကျပ်
ချစ်ခြင်းကို ပုံဖော်ထားတဲ့ ရင်ခုန်လှိုက်မောစရာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်း လှလှလေးတွေကိုမှ ဖတ်ချင်သူတွေအတွက် စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာရေးသူရဲ့ စိတ်ကူးထဲက နိုင်ငံတစ်နိုင်ငံ၊ နေရာဒေသနဲ့ အနုပညာတက္ကသိုလ်ကျောင်းတစ်ကျောင်းကို အခြေတည်ပြီး လူငယ်ရင်ခုန်သံကို ပြင်းပြင်းရှရှ ခံစားရအောင် ဖန်တီးထားတဲ့ ဒီဇာတ်လမ်းလေးက စာဖတ်သူတွေအတွက် မြင်နေတွေ့နေကျ ပတ်ဝန်းကျင်၊ ရေမြေအနေအထား၊ တက္ကသိုလ်ဇာတ်လမ်းတွေထဲက ခွဲထွက်သွားစေမှာ သေချာပါတယ်။ မြန်မာဝတ္ထု အများစုမှာ မြင်တွေ့ရတဲ့ မြန်မာပြည်တွင်း တက္ကသိုလ်တစ်ခုခုနဲ့ မတူတဲ့ အငွေ့အသက်တွေက ဆန်းသစ်နေစေမှာပါ။ အဲဒီတက္ကသိုလ်ရဲ့ သရုပ်ဆောင်မေဂျာ King ဖြစ်တဲ့ သည်နေ့သစ်ရဲ့ ဆိုင်ကယ်အက်ဆီးဒင့်န် ဖြစ်မှုကို ကူညီပေးခဲ့တဲ့ ဆောင်းညဆိုတဲ့ ကျောင်းသူလေး။ သည်နေ့သစ်က ဆောင်းညရဲ့ ကူညီမှုကို အသိအမှတ်မပြုတဲ့အပြင် ဖုန်းဆက်ပြီး ပြဿနာရှာမှုတစ်ခုပါ လုပ်ခဲ့ပါသေးတယ်။ ဒီနောက်ပိုင်း သည်နေ့သစ်နဲ့ ဆောင်းညတို့ရဲ့ အနုပညာတက္ကသိုလ်ကျောင်းတက်ရက်စွဲတွေအတွင်း ပတ်သက်မှုက ရှုပ်ထွေးမှုတွေ ပါဝင်လာခဲ့ပြီး ဇာတ်အိမ်အနိမ့်အမြင့်၊ အတက်အကျ၊ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းလာခဲ့ပါတော့တယ်။ ကဲ … စာချစ်သူတို့ရေ၊ ဒီလို ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးကို ရင်တသိမ့်သိမ့် ဖတ်ကြည့်ပါဦးလို့ လက်တို့လိုက်ပါရစေနော်။