မွေးစားတစ္ဆေ

ဆောင်းလုလင်

500 Kyats ကျပ်
ဆရာဆောင်းလုလင်ရဲ့ ဝတ္ထုကောင်းတွေထဲကမှ အကောင်းဆုံး သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ပါ။ မွေးစားတစ္ဆေတဲ့။ မောင်ဖေဝေးရဲ့ အမေဟာ တစ္ဆေတစ်ကောင်ကို မွေးမြူထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အမှတ်မထင် မွေးခဲ့မိလိုက်တာပါ။ အဲဒီတစ္ဆေကလည်း မောင်ဖေဝေးရဲ့ အမေကို အမြဲ ခြောက်လှန့်တတ်ပါရဲ့။ မောင်းထုတ်လို့လည်း မရ၊ မေ့ထားလို့လည်း မရတဲ့ ဒီတစ္ဆေကို စက်စုပ်တဲ့ကြားကနေပဲ မွေးထားခဲ့ရတယ်။ တစ်ခါတရံ တစ္ဆေဟာ အိပ်မောကျနေတတ်တယ်။ အဲဒီတစ္ဆေကို လှုပ်နှိုးလိုက်တဲ့သူကတော့ မောင်ဖေဝေးပါပဲ။