ကဝေနဲ့တစ္ဆေ

စေတန်

600 Kyats ကျပ်
ချစ်စဖွယ်ကောင်းတဲ့ ဇနီးချောလေး ဆွီတီကို ပိုင်ဆိုင်ထားတဲ့ ဆရာဝန်လေး ဆလိုင်းဟာ အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တာဝန်ထမ်းဆောင်ရင်း လောကရဲ့ နူးညံသာယာမှုကြားမှာ မိန်းမောနေခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အဲဒီလို နှစ်နှစ် တင်းတင်းပြည့်တဲ့ သူတို့ဇနီးမောင်နှံရဲ့ နှစ်ပတ်လည်ညမှာပဲ သူအတွက် ကံကြမ္မာအလှည့်ပြောင်းတစ်ခုဟာ ရောက်ရှိလာ ပါတော့တယ်။ ပြီးတော့ သူကိုယ်တိုင် သူ့အမေဘက်က စုန်းပညာအမွေကို မွေးရာပါသန္ဓေဗီဇအရ ပိုင်ဆိုင်ထားတဲ့သူဆိုတာလည်း အဲဒီညမှာပဲ သိခွင့်ရလိုက်ပါတော့တယ်။ အဲဒီညမှာ မမျှော်လင့်ပဲ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ မင်္ဂလာနှစ်ပတ်လည်အချိန်ဟာ သူ့ဇနီးချောအတွက် အမင်္ဂလာအဖြစ်ကို မျက်စိတစ်မုဟုတ်ခြင်းမှာပဲ ရောက်ရှိသွားခဲ့တယ်။ အသက်ဝိညာဉ်မဲ့နေတဲ့ ဇနီးချောရဲ့ ခန္ဓာကိုယ်ကိုကြည့်ရင်း ဆလိုင်းဟာ သူ့အမေရဲ့ မှတ်စုစာအုပ်ထဲက စုန်းကဝေအစီအရင်တွေကို ဖတ်နေမိတယ်။ ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့ တယ်။ နောက်တစ်နေ့မနက်မှာတော့ သူအိပ်ရာက နိုးလာတဲ့အခါ ထုံးစံအတိုင်း သူ့ကို အိပ်ရာကနေ ချစ်စဖွယ် လာနိုးတဲ့ ဇနီးချော ဆွီတီကို တွေ့လိုက်ရတဲ့အခါ … ။